Latest Movie :
Recent Movies

မန်ဘာဝင်ထားခြင်းဖြစ် အသစ်တင်တိုင်း ကြည့်ရပါမည်

ကြော်ငြာပုံလေးတွေ နှိပ်ပြီးကျေးဇူးတုန့်ပြန်ပါ

Fast & Furious 4


အထွေအထူးတော့ မိဆက်စရာ မလိုတော့ဘူး ထင်ပါတယ် အရှေ့မှာ ၁၊ ၂၊ ၃၊ တင်ပြီးသားပါ အောက်မှာ ဒေါင်းလိုက်ပါဦး ဖိုင်ဆိုဒ်လဲ တက်နိုင်သလောက်ချပေးထားပါတယ်

The Lost Room (2006)


ဇာတ်လမ်းတွေကို တစ်ကားချင်းစီကြည့်နေရတဲ့ ပျင်းနေတဲ့ Movieချစ်သူများအတွက် အရမ်းလဲမရှည်သလို အရမ်းလဲ မတိုတဲ့ TV seriesတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းရဲ့ အစကတော့ စုံထောက်တစ်ယောက်ဖြစ်တဲ့ ဂျိုးမိုင်လာဟာ လူဆိုးဖမ်းရင် ထူးဆန်းတော့ မှော်သော့တစ်ချောင်းကို ရရှိခဲ့တယ်။ အဲဒီမှော်သော့က တံခါးလက်ကိုင်ဘုရှိရုံနဲ့ ကြိုက်တဲ့နေရာကို သွားနိုင်တယ်ဆိုတာကို သိလိုက်ရပါတယ်။ကံဆိုးဆိုးစွာနဲ့ပဲ သူ့ရဲ့သမီးက အဲဒီတံခါးသော့နဲ့ ဖွင့်ရင်း မိုတယ်တစ်ခုထဲမှာပျောက်ဆုံးသွားတာကို သိလိုက်ရပါတယ်။သူ့ သမီးကို ပြန်ရှာတွေ့ဖို့ကြိုးစားရင် အဲဒီသော့လိုမျိုးပဲ မှော်ပစ္စည်းတွေအများကြီးရှိနေတာကို သိလုပ်ရတဲ့အခါ သူ့သမီးကိုကယ်ဖို့ ဘယ်လိုတွေဆက်လုပ်မှာလဲ။အဲဒီမှော်ပစ္စည်းတွေကရော ဘယ်နေရာက လာတာလဲ။ အဲဒီမှော်ပစ္စည်းတွေကို လိုက်လံစုစောင်းနေတဲ့ အဖွဲ့တွေရဲ့ အန္တရယ်ကိုရယ်ဘယ်လိုကျော်ဖြတ်မှာလဲ။ သူ့ရဲ့ သမီးကိုရော ကယ်တယ်နိုင်ပါ့မှာလားဆိုတာတွေနဲ့ စိတ်ဝင်စားစွာ ကြည့်ရမဲ့ဇာတ်လမ်းပါ။ကြာမြင့်ချိန် ၄နာရီပတ်ဝန်းကျင်ရှိတာမို့ Hobbit၊ Harry Potter ၊ The Lord of the ringတို့လို မှော်ဇာတ်လမ်းရှည်ကြိုက်တဲ့လူတွေအတွက် စိတ်ဝင်စားဖို့ အင်မတန်ကောင်းတဲ့ မှော်ကား ဖြစ်ကြောင်း လက်ခံသွားစေနိုင်မဲ့ ဇာတ်ကားပါ။ IMDB Rating 8.4တောင်ရထားတယ်ဆိုကတည်းက ဒီထက်ပိုပြီး ညွန်းနေဖို့လိုအပ်မယ်မထင်တော့ပါဘူး အားလုံးဘဲ အဆင်ပြေအောင် 318MB နဲ့ မကြည်အောင် လုပ်ပေးထားပါတယ် အောက်မှာ ဒေါင်းလိုက်ပါဦး 

Honeymoon (2014)


ချစ်သူနှစ်ဦး ပျားရည်စမ်းခရီးအတူထွက်ခဲ့ကြတယ် ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်မှု့ဟာ ပြောစရာ မလိုလောက်အောင် အထိကို ပျော်ရွှင်ခဲ့ကြတယ် ..  
ယခင်က မိန်းကလေး နေခဲ့တဲ့ အိမ်ကို ပြန်လာခဲ့ကြတဲ့ညမှာပဲ ထူးဆန်းတဲ့ အလင်းရောင်တစ်ခု ထိုးကျလာတယ် .. 
အဲ့အလင်းရောင်ဟာ ဘာဆိုတာ သူတို့ပထမပိုင်း မသိခဲ့ကြဘူး  ..  
အဲ့ဒီ့ညမှာပဲ တရေးနိုးတဲ့ အချိန် ဘေးနားက အသစ်စက်စက် ဇနီးချော ရုတ်တရက် ပျောက်ဆုံးမှု့ အတွက် သွေးရူးသွေးတန်း လိုက်ရှာခဲ့တဲ့အချိန်မှာ တောအုပ်အစပ်နားမှာ ကြောင်တောင်နဲ့ ကိုယ်လုံးတီး မတ်တတ်ရပ်နေတဲ့ ဇနီးကို တွေ့ပြီး ပြန်ခေါ်လာခဲ့တယ် .
နောက်မကြာခင်ရက်ပိုင်းမှာ ရေချိုးခန်းထဲမှာ မိမိရဲ့ လိင်အင်္ဂါသို့လက်နှိုက်ပြီး တီကောင်ကဲ့သို့ ကြီးမားတဲ့ ရှည်မျောမျော အကောင်တစ်ကောင်ကို ဆွဲထုတ်ခဲ့တယ် . 
 အဲ့ဒီ့အကောင်က ဘယ်ကနေ ရောက်လာတာလဲ .. ညပိုင်းမှာ ပေါ်လာတဲ့ ထူးဆန်းတဲ့ အလင်းရောင်တန်းက ဘာလဲ .. အားလုံးဘဲအဆင်ပြေအောင် 220MB နဲ့ မဝါးအောင် တင်ပေးထားပါတယ် 

Fast & Furious 3 Tokyo Drift


အားလုံးဘဲ သိပြီးသားကားတွေမို့ မပြောတော့ပါဘူး Fast & Furious 3 ပါ ၁ နဲ့ ၂ ကိုတော့ အရင်ရက်တွေက တင်ပေးပြီးပါပြီ ခု ၃ ကို ဒေါင်းလိုက်ပါဦး 

Captain America: The Winter Soldier


ဒီကားလေး ပြန်တင်ပေးဖို့ တောင်ဆိုနေကြတာတော့ များနေပြီ ခု တင်ပေးလိုက်ပါပြီ ဖိုင်ဆိုဒ် 323 MB နဲ့ မဝါးအောင် လုပ်ပေးထားပါတယ် အောက်မှာ ဒေါင်းလိုက်ကြပါဦးဗျာ

Olympus Has Fallen (2013) မြန်မာစာတန်းထိုး


အမေရိကန် အိမ်ဖြူတော်ကို ကိုရီးယား အကြမ်းဖတ်သမားတွေ ဝင်စီးတဲ့ ကားလေးပါ အိမ်ဖြူတော် တစ်ခုလုံး ကျရှုံးကုန်ပါတယ် ကဲ ပြန်ကြည့်ချင်သူများနဲ့ မကြည့်ရသေးသူများ အောက်မှာ ကြည့်နိုင်ပါပြီ

Monkey King 2014


Monkey King 2014 ပြန်ကြည့်ချင်ပါတယ် ဆိုပြီး တောင်းဆိုထားတဲ့ သူတွေကတော့ တော်တော်များနေပြီ ပြန်တင်ပေးလိုက်ပါပြီဗျာ အားလုံးဘဲ ကျေနပ်နိုင်ကြမှာပါ အောက်မှာ ဒေါင်းလိုက်ပါဦး

Fast & Furious 2


လင့်ပြန်ပြင်ပေးထားပါတယ်

မနေ့က ၁ တင်ပြီးသွားပါပြီ ဒီနေ့တော့ ၂ပေါ့ အထွေအထူး မိတ်ဆက်စရာတော့ မလိုတော့ဘူး ထင်ပါတယ် အားလုံးဘဲ သိပြီးသား ဖြစ်မှာပါ အားလုံးဘဲ ဒေါင်းရတာ အဆင်ပြေအောင် 270MB နဲ့ ချုပ်တင်ပေးထားပါတယ် ကွန်ပျူတာမှာလဲ ဒေါင်းလို့ရသလို ဖုန်းနဲ့လဲ ဒေါင်းလို့ရပါတယ် မန်မိုရီနဲ့ APK သာရှိပါစေ ရစေရမယ် ကဲ အောက်မှာဒေါင်းလိုက်ပါဦး

Fast & Furious 1


ဒီကားလေးကိုတော့ မိတ်ဆက်စရာမလိုတော့ပါဘူး အားလုံးဘဲ သိပြီးသား ဖြစ်မှာပါ အားလုံးဘဲ အဆင်ပြေအောင် ဖိုင်ဆိုဒ်ချပေးထားပါတယ် 268 MB နဲ့ ကြည့်ရမှာပါ အောက်မှာ ဒေါင်းလိုက်ပါဦးဗျာ

G.I. Joe- Retaliation (2013)


သေမှာကို မကြောက်တဲ့ လက်မရွံ့ သူရဲကောင်းတွေရဲ့ ဇာတ်လမ်းပေါ့ ကြည့်ဖူးပြီးသားသူတွေ များမှာပါ မကြည့်ရသေးသူများနဲ့ ပြန်ကြည့်ချင်သူများအတွက်ပါ 248MB နဲ့ ဖိုင်ဆိုဒ်ချုပ်ပြီး တင်ပေးထားပါတယ် ကြည်လင်နေပါသေးတယ် အောက်မှာဒေါင်းလိုက်ပါဦး 

In Time(2011)


အဆိုတော်မင်းသားချော Justin Timberlake နဲ့ မင်းသမီး Amanda Seyfried တို့ပါဝင်ထားတဲ့
Action/Sci-fi/Thriller အမျိုးအစားဇာတ်ကားတစ်ကားပါ...
နောင်နှစ်ပေါင်းများစွာကြာသောအခါ
၂၁၆၉ခုနှစ်မှာ လူသားများသည် အသက်၂၅ နှစ်ပဲရှည်အောင် တီထွင်ခံရသောအခါ....
မွေးဖွားလာကတည်းက လက်မောင်းမှာ ဒစ်ဂျစ်တယ်နာရီပါလာသောအခါ...
ဆက်လက်အသက်ရှင်ချင်ရင် အသက်နာရီတွေကိုသုံးရသောအခါ....
ချမ်းသာတဲ့လူရယ် ဆင်းရဲတဲ့သူရယ် ခွဲခြားထားသော အချိန်များပြောင်းလဲမှု
Dayton နှင့် New Greenwich ဆိုတဲ့ အချိန်ဇုံ၂ခုကြား...
မင်းသား Justin Timberlake ကိုထည့်သွင်းလိုက်သောအခါ.....။

Connection မကောင်းသူများအတွက် Small File Size(278MB)ကိုပါတင်ဆက်ထားပါတယ်။
မူရင်းတင်သူ ကိုငြိမ်းစေရာအောင်ရဲ့ Adfly အတိုင်း တင်ပေးထားပါတယ် 

John Carter (2012)


မားစ်ဂြိုလ်မှာ လူစွမ်းကောင်းသွားလုပ်မယ့် လူသားကိုတွေ့မြင်ရမှာပါ....
စွန့်စားခန်း၊သည်းထိပ်ရင်ဖိုခန်းတွေနဲ့ Walt Disney ရဲ့ လက်ရာမြောက် 3D Effect တွေကို
တစ်ဝကြီးကြည့်ရှုရမယ့်ဇာတ်ကားပါ..... အားလုံးဘဲ အဆင်ပြေအောင် အရည်အသွေလဲ မကျအောင် 334MB နဲ့ ချုပ်ပြီး တင်ပေးလိုက်ပါတယ် ဖုန်းနဲ့လဲရပါတယ် ကိုယ်တိုင်စမ်းပြီးမှ ပြောတာပါ APK နဲ့ မန်မိုရီသာရှိပါစေ 

Despicable Me 2 (2013)


မိတ်ဆက်ပေးစရာတော့ မလိုတော့ဘူး ထင်ပါတယ် မနေ့က နံပါတ်၁ ကို တင်ထားပါတယ် ဒီနေ့တော့ ၂ ပေါ့ အားလုံးဘဲ အဆင်ပြေအောင် ဖိုင်ဆိုဒ် 350 MB ကျော်လေးနဲ့ လုပ်ပေးလိုက်ပါတယ် ကြည်ကြည်လေးနဲ့ ပေါ့ပေါ့ပါးပါးလေး ကြည့်ရမှာပါ ကြည့်လိုက်ပါဦးဗျာ 

Blood of Redemption (2013)

Despicable Me (2010)


အထွေးအထူး မိတ်ဆက်စရာတော့ မလိုတော့ဘူးထင်ပါတယ် ကလေးတွေကော လူကြီးတွေပါ ကြိုက်တဲ့ ကားလေးပါ ပေါ့ပေါ့ပါးပါး မိသားစုနဲ့ အပျင်းပြေပြန်ကြည့်သင့်တဲ့ကားလေးပါ လကမ္ဘာကို ခိုးဖို့အကြံကြီး ကြံတဲ့ ကားလေးပေါ့ မနက်ဖြန် Despicable Me 2 (2013) ထပ်တင်ပေးပါ့မယ် အားလုံးဘဲ အဆင်ပြေရအောင် ဖိုင်ဆိုဒ်လဲ မသေးမကြီး 346MB နဲ့ လုပ်ပေးထားပါတယ် ကြည်ကြည်လင်လင် ကြည့်ရမှာဖြစ်ပါတယ် အောက်မှာ ဒေါင်းလိုက်ပါဦးဗျာ

Iceman (2014)


တော်တော်များများ လာရောက်တောင်းဆိုထားတာ တွေ့ရပါတယ် ဖိုင်ဆိုဒ်တစ်မျိုးတည်း တင်ပေးလိုက်ပါတယ် ကြည်ကြည်လေး ကြည့်ချင်သူများလဲအဆင်ပြေ ဖိုင်ဆိုဒ်နဲ့တာမှ လိုချင်သူများလဲအဆင်ပြေစေရန်အတွက် စကဆိုဒ်လေး လုပ်ပေးလိုက်ပါတယ် 377MB နဲ့ တင်ပေးလိုက်ပါတယ် အားလုံးဘဲ အဆင်ပြေကြပါစေဗျာ 

The Four 3 Final Battle(2014)

The Four 2(2013)

The Four(2012)

Captain America The First Avenger (2011)


Marvel ရဲ့နာမည်ကျော်ဇာတ်ကောင် Captain America ပထမဆုံးဇာတ်ကားပါ... အားလုံးဘဲ အဆင်ပြေအောင် 450MB နဲ့ တင်ပေးထားပါတယ် 

Maze Runner(2014)


လူငယ်တစ်ဦးဟာ ရွေ့လျားနေတဲ့ ဓာတ်လှေကားတစ်ခုထဲမှာပိတ်မိနေပြီး သွေးပျက်ကြောက်ရွံ့စွာ ဓာတ်လှေကားရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်ပါနေရပါတယ်။ ဓာတ်လှေကားရဲ့ ခရီးအဆုံးမှာတော့ သူမသိတဲ့ လူငယ်တစ်ချို့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြန်တယ်။ ထိတ်လန့်တုန်လှုပ်စွာနဲ့ပဲ သူထွက်ပြေးချိန်
မှာ ဘယ်သူမှသူ့ကို လိုက်မဖမ်းပဲ အော်ဟစ်ရယ်မောနေကြပါတယ်။

မကြာခင်မှာပဲ သူ့ကိုဘာ့ကြောင့်လိုက်မဖမ်းသလဲဆိုတဲ့အဖြေကို သူသိရှိသွားပါတော့တယ်။ သူရောက်ရှိနေတဲ့နေရာဟာ ပတ်ပတ်လည်မှာ နံရံကြီးတစ်ခု ကာဆီးထားလို့ပါပဲ။

အရှေ့က ရောက်ရှိနေတဲ့ လူငယ်လေးတွေဟာလည်း သူ့လိုပဲ ဖမ်းဆီးခံရပြီး ဒီနေရာကို ပို့ဆောင်ခြင်းခံခဲ့ရသူတွေပါ။ ကောင်လေးဟာ သူ့ရဲ့နာမည်သောမတ်ဆိုတာကလွဲပြီး ဘာကိုမှ မမှတ်မိပါဘူး။

ရုတ်တရတ် နံရံကြီးကနေ အသံတွေကြားလာရပြိး တံခါးတစ်ချပ်ကိုတွေ့ရှိသွားချိန်မှာ ဝမ်းသာအားရနဲ့ သူပြေးထွက်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် ရောက်နှင့်ပြီးသား လူငယ်တွေရဲ့ တားဆီးခြင်းကို ခံရပါတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီဂိတ်တံခါးဟာ တစ်နေ့မှာ တစ်ကြိမ်သာပွင့်ပြီး အလွန်အန္တရာယ်များလှတဲ့ ဝင်္ကဘာတစ်ခုဆိကို သွားရာဝင်ပေါက်ဖြစ်နေလို့ပါပဲ။

လူငယ်တွေဟာ သူတို့ရောက်ရှိနေတဲ့နေရာကို Glade လို့အမည်ပေးထားပြီး သူတို့ကိုယ်သူတို့ Gladers လို့ ခေါ်ကြပါတယ်။ စောင့်ရှောက်သူ keeper ရဲ့ ဦးဆောင်မှုအောက်မှာ တာဝန်အသီးသီးကိုခွဲဝေထမ်းဆောင်ကြရပါတယ်။ တောင်နံရံတွေကို ဝင်္ကဘာကြီးတစ်ခုက ကာရံထားပြီး အတွင်းမှာ Grievers လို့ခေါ်တဲ့ စက်ပစ္စည်းတွေထပ်ဆောင်းတပ်ဆင်ထားတဲ့ ပင့်ကူလိုသတ္တဝါဆိုးကြီးတွေရှိနေပါတယ်။

ရောက်ရှိခဲ့ပြီးသား Glader တွေရဲ့ နှစ်နှစ်ကျော်ကြာအောင် ဒီဝင်္ကဘာထဲက လွတ်မြောက်ဖို့ လေ့လာတွေ့ရှိထားသမျှကို သောမတ်စ်ဟာ သင်ယူရပါတယ်။ ဝင်္ကဘာထဲကို runner လို့ခေါ်တဲ့ သွားရောက်လေ့လာသူတွေဟာ မနက်စောစောတံခါးဖွင့်ချိန်မှာ ဝင်ရောက်ပြီားနေတံခါးမပိတ်မီမှာ ပြန်လာကြရပါတယ်။ ဝင်္ကဘာထဲကနေ ပြန်ထွက်မလာနိုင်တော့တဲ့ runner တွေလည်း အများကြီးရှိခဲ့ပါတယ်။

တစ်ရက်မှာတော့တံခါးပိတ်ချိန်အထိ ရောက်မလာကြသေးတဲ့ runner နှစ်ယောက်အတွက် အားလုံးစိတ်ပူနေကြချိန်မှာ သောမတ်စ်ဟာ အန္တရာယ်များလှတဲ့ ဝင်္ကဘာထဲကို ဝင်ရောက်သွားပါတော့တယ်။ တောမတ်စ်ရဲ့ဖြတ်ထိုးဥာဏ်နဲ့ runner နှစ်ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် စည်းကမ်းဖောက်ဖျက်တဲ့အတွက် တစ်ညအချုပ်ထဲထည့်ခံလိုက်ရပါတယ်။ နောက်တစ်နေ့မှာတော့ သောမတ်စ်ကို runner အသစ်အဖြစ်တာဝန်ပေးခြင်းခံရပါတော့တယ်။

သောမတ်စ်တစ်ယောက် ဒီဝင်္ကဘာထဲက ရုန်းထွက်နိုင်မှာလား? ဒီဝင်္ကဘာကြီးကို ဘယ်သူတွေ တည်ဆောက်ခဲ့တာလဲ? ဝင်္ကဘာကြီးရဲ့ နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေသလဲဆိုတာကိုတော့ ကိုယ်တိုင်သာကြည့်ရှုခံစားကြပါလို့။

ဒီဇာတ်လမ်းအဆုံးမှာတော့ ဘာကိုမှ မယုံရဘူးလို့ ရေရွတ်မိလောက်အောင် အပြောင်းအလဲ၊ လှည့်ကွက်လေးတွေနဲ့တင်ဆက်ထားပြီး လူသားဆန်မှု၊ ဥာဏ်ပညာ၊ စည်းလုံးခြင်းရဲ့အင်အား၊ ခင်မင်မှုနဲ့ ယုံကြည်မှုတို့ကို ကောင်းကောင်းဖော်ညွှန်းထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း မှတ်ချက်ချပါရစေ။

ဒီဇာတ်ကားကို Dylan O’Brien, Alm Ameen နဲ့ ကိုရီးယားသရုပ်ဆောင် Ki Hong Lee တို့က ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်ရင်ကို ထိရှစေခဲ့တဲ့ ကလေးသရုပ်ဆောင် Blake Copper က ချက်ခ်ဆိုတဲ့နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ imdb rating 7.5/10 ရရှိထားပြီး ဒါရိုက်တာကတော့ Wes Ball ဖြစ်ပါတယ်။ လိုင်းမကောင်းတဲ့သူတွေအတွက် ဖိုင်ဆိုဒ်ချပေးထားပါတယ် လိုင်းကောင်တဲ့သူကလဲ အကြည်ဒေါင်းပေါ့ 

Let's Be Cops(2014)


လော့စ်အန်ဂျလိစ်ရဲအရာရှိ အယောင်ဆောင် သူငယ်ချင်း နှစ်ဦးအကြောင်း ဇာတ်အိမ်ဖွဲ့ထားတဲ့ အမေရိကန်ဟာသဇာတ်လမ်းလေးက စိတ်ကြည်နူးပျော်ရွှင်မှုရသကို ပေးစွမ်းနိုင်မှာပါ။
ဂျက်စတင်နဲ့ ရိုင်ယန်တို့သူငယ်ချင်းနှစ်ဦးဟာ သူတို့ရဲ့ မွေးရပ်မြေကို ပြန်လာရင်း ဘားတစ်ခုမှာရှိနေတုန်း သူတို့နှစ်ဦးရဲ့ ကားကို ရုရှားတွေအဖွဲ့လိုက်ပါတဲ့ ကားက ၀င်တိုက်ခဲ့ပြီး သူဘာ မှ ပြန်မလုပ်နိုင်အောင် ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီနောက် ရိုင်ယန်က ဂျက်စတင်ကို ရဲယူနီဖောင်းနဲ့ ကောလိပ်ပါတီတက်စေခဲ့တာကနေ စပြီး အလွဲလေးတွေဖြစ်လာပါတော့တယ်။ သူတို့နှစ်ဦးက တကယ့်ရဲ အစစ်တွေအတိုင်း ပြုမူပြောဆိုနေထိုင်ပြီး ဒီတစ်ညနဲ့တင်မက ရဲပုံစံလိမ်လည်မှု ဇာတ်လမ်းတွေ စခဲ့ပါတော့တယ်။ ရဲကားအဟောင်းတစ်စီးကိုဝယ်ပြီး ရဲတွေရဲ့ လုပ်ငန်းလုပ်ဆောင်ပုံတွေကို သင်ယူလေ့လာပြီး ဂျက်စတင်နဲ့ ရိုင်ယန်တို့ အလိမ်ဇာတ်လမ်းကိုလျှောက်ရင်း ပြဿနာပေါင်းစုံ ကြုံရပါတော့တယ်။
အဲဒီနောက် သူတို့ကားကို ၀င်တိုက်ခဲ့တဲ့ ရုရှားအဖွဲ့ကို လက်စားချေဖို့ လုပ်ခဲ့ပေမယ့် သူတို့တစ်တွေဟာ လူဆိုးဂိုဏ်းဝင်တွေဖြစ်ပြီး ဂျက်စတင့်ကောင်မလေး အလုပ်လုပ်နေတဲ့ Georgie's ဆိုင်ရဲ့ပိုင်ရှင်ကို ခြိမ်းခြောက်နေတဲ့သူတွေ ဖြစ်ပါတယ်။ ဂျက်စတင်နဲ့ ရိုင်ယန်တို့ဟာ အလိမ်အညာတွေကို ရပ်ပစ်ဖို့လုပ်ခဲ့ပေမယ့် ဂျက်စတင့်ကောင်မလေး ဂျိုစီက သူ့ကို လူတစ်ယောက် နှောင့်ယှက်နေတယ်လို့ အကူအညီ တောင်းတာကြောင့် ရဲအဖြစ်နဲ့စုံစမ်းရင်း ရုရှားလူဆိုးဂိုဏ်းခေါင်းဆောင်ဆိုတာ သိခဲ့ပါတယ်။
လူဆိုးဂိုဏ်းပါ ပါဝင်ပတ် သက်လာတဲ့အခါ ဂျက်စတင်နဲ့ ရိုင် ယန်တို့ ဘယ်လို ရှေ့ဆက်ကြမ လဲ။ အလိမ်ပေါ်သွားခဲ့ရင် အရေး ယူခံရမှာလား။ ဂျက်စတင်နဲ့ သူ့ ကောင်မလေးကရော ဇာတ်ပေါင်း ခွင့်ရမှာလားဆိုတဲ့ဇာတ်သိမ်းပိုင်း လေးကိုတော့ ကိုယ်တိုင်ကြည့်ရှု လိုက်ပါဦးနော်။
အကအခုန်၊ အပျော်အပါး လေးတွေရော၊ အက်ရှင်ရောခံ စားလို့ရမယ့် ဇာတ်ကားလေးမှာ တော့ ဂျိတ်ခ်ဂျွန်ဆင်၊ ဒေမွန်ဝါ ယန်ဂျူနီယာ၊ ရော့ဘ်ရစ်ဂယ်တို့ က သရုပ်ဆောင်ထားပါတယ်။
Let’s be cops ဇာတ်လမ်းက LA မြို့မှာ ဇာတ်အိမ်တည်ထားပြီး အပြင်မှာမရှိတဲ့ ဇာတ်ကောင်များနဲ့သာ ဖွဲ့စည်းထားတဲ့အတွက် လူကြီးရော ကလေးတွေအတွက်ပါ အဆိပ်အတောက်မပါတဲ့ ဟာသဇာတ်ကား တစ်ကားဖြစ်ကြောင်း ရုပ်ရှင်သတင်းများက ဖော်ပြထားပါတယ်။
ဇာတ်အိမ်ဇာတ်လမ်းကောင်းကောင်းမဟုတ်တဲ့အတွက်အနှစ်သာရအများကြီး မပေးနိုင်သော်လည်း သာမန် မထင်မရှား အရပ်သား၂ယောက်က ရဲအဖြစ်အပျော်တမ်း ဟန်ဆောင်တဲ့အခါ ပြောင်ချော်ချော် အမူအရာ သရုပ်ဆောင်နေရင်းနဲ့ကို တချို့သော ပြည်သူ့ဝန်ထမ်းတွေမှာတောင်မရှိတဲ့ လူတွေကို ကာကွယ်ချင်တဲ့ ကူညီချင်တဲ့ သူတို့ရဲ့ စိတ်ထားကောင်းတွေက ပေါ်လွင်နေပါတယ်။ အဲ့ဒါကြောင့်လည်း ဒီဇာတ်ကားက ကြည့်ရှုသူတွေအတွက် ပေါတောတော ဟာသကားထက်ပိုတဲ့ ရသကိုပေးစွမ်းနိုင်ပါလိမ့်မယ်။ 
အခုဇာတ်ကားကရုပ်ရှင်အနုပညာဆိုင်ရာကမ္ဘာ့နံပါတ်တစ်အွန်လိုင်းဝဘ်ဆိုဒ်ဖြစ်တဲ့IMDB ရဲ့ဖော်ပြချက်အရ ဒီဇာတ်ကားကိုကြည့်ရှုပြီးသူတစ်သောင်းတစ်ထောင်ကျော်ကအဆင့်(rating)6.8အဖြစ်သတ်မှတ်ထားပါ တယ်တဲ့။
သရုပ်ဆောင်များများစားစား မပါပေမယ့် IMDB rating ဘာလို့မြင့်နေတာလဲ ဆိုတာကို ကိုယ်တိုင်ခံစား ဆုံးဖြတ်ကြလိုက်ရအောင်ပါ...။
(mmmovieguide မှယူးယူဖော်ပြပါသည်...)

Tazza:The Hidden Card(2014)


Korea အဆိုတော်အဖွဲ့ Big Bang ထဲက T.O.P ပါဝင်ထားတဲ့ 2014 ထွက်ဇာတ်ကားလေးပါ
ဒီကားက 2006 ခုနှစ်ကထွက်ထားတဲ့ Tazza:The High Rollers ရဲ့နောက်ဆက်တွဲဖြစ်ပါတယ်..
ဇာတ်လမ်းကတော့ ကိုရီးယား မြေအောက်လောင်းကစားလောကထဲကို ရောက်သွားတဲ့
ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ..။

Dracula Untold(2014)


ဒီဇာတ်လမ်းကတော့ အံ့ဖွယ် ဆန်းကြယ် အက်ရှင် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ ၁၉၈၇ ခုနှစ်က ထုတ်လုပ်ထားတဲ့ Dracula ဆိုတဲ့ ၀ထ္ထုကို ပြန်လည် အခြေခံ ရိုက်ကူးထားတာဖြစ်ပါတယ်။ 
ဒီဇာတ်လမ်းရဲ့ အစမှာတော့ Vlad the Impaler ဆိုတဲ့ လူတစ်ယောက် ဟာ Transylvania တိုင်းပြည်ရဲ့ မင်းသားငယ် ဖြစ်ပါတယ်။ တူရကီ အင်ပါယာ ရဲ့ ကျွန်ဖြစ်ခဲ့ဖူးတဲ့ Vlad ဟာ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်ခဲ့ပြီး အရွယ်ရောက်တဲ့အခါမှာ Transylvania တိုင်းပြည်ရဲ့ အုပ်ချုပ်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Vlad နဲ့ သူ့ရဲ့ စစ်သားတွေဟာ တူရကီ စစ်ဦးထုပ်တစ်လုံးကိုတွေ့တဲ့အတွက် ခြေရာခံ ရှာဖွေရာမှ ကျောက်ဂူတစ်ခုထဲ အရောက် မှာ Vampire တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး Vlad ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
နောက်တစ်ရက် မှာ Vlad ဟာ သူ့ရဲ့ ဇနီး ၊ သား တို့ အပါအ၀င် မှုးမတ်တွေနဲ့ Dracula နန်းတော်မှာ Easter ပွဲတော် ကျင်းပနေတုန်း တူရကီ အင်ပါယာက ခေါင်းဆောင်တွေက နန်းတော်ထဲကို ၀င်လာခဲ့ပါတယ်။ Vlad က ငွေတွေ ပေးခဲ့ပေမယ့် တူရကီခေါင်းဆောင်တွေက ယောက်ျားလေး အယောက်၁၀၀၀ ကို တူရကီ စစ်တပ်အတွက် တောင်းဆိုခဲ့ပါတယ်။ 
အဲဒီနောက်မှာ Vlad ဟာ တိုင်းသူပြည်သားတွေကို ကာကွယ်ဖို့ အတွက် ကျောက်ဂူထဲက Vampire ဆီမှာ အကူအညီတောင်းခဲ့ပါတယ်။ အဲဒီအခါမှာ Vampire က Vlad ကို ၃ ရက်ခန့် Vampire ဖြစ်နေနိုင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ထို ၃ ရက် အတွင်းမှာ လူ သွေးကို မသောက်မှ Vlad ဟာ လူသား ပြန်ဖြစ်နိုင်မှာပါ။ လူသွေးကို သောက်မိရင်တော့ Vampire လုံးဝဖြစ်သွားမှာပါ။ ထိုအခါ မှာ Vlad နဲ့ Vampire ဟာ သဘောတူညီမှုရခဲ့ပြီး Vlad ဟာ ၃ ရက်တာ Vampire ဖြစ်ခဲ့ရာမှ တူရကီ စစ်တပ်ကြီး ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ပေမယ့် တူရကီ စစ်တပ် က Vlad တို့ တိုင်းသူပြည်သားတွေ ထွက်ပြေးတဲ့နောက်ကို တရစပ် လိုက်လံတိုက်ခိုက်ပုံများကိုGary Shores က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကို ရေးသားထားတာ ကတော့ Matt Sazama နဲ့ Burk Sharpless တို့ပဲဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ဖြစ်တဲ့ Vlad the impaler အဖြစ် Luke Evans က သရုပ်ဆောင်ပေးထားပါတယ်။
(အညွှန်းကို trend.com.mm မှကူးယူဖော်ပြပါသည်..)
Connection မကောင်းသူများအတွက် Small File Size ကိုပါတင်ဆက်ထားပါတယ်။

3 Days to Kill(2014)


ဒီရုပ်ရှင်ကားမှာ အဓိက ဇာတ်ကောင်များ အဖြစ် Kevin Costner, Amher Heard နှင့် Hailee Steinfield တို့ ပါဝင် သရုပ်ဆောင် ထားကြပါတယ်။
Kevin Costner က CIA အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်ပြီး ရောဂါကြောင့် မကြာခင်သေရတော့မယ်လို့
သိထားတာပါ...ဒါပေမယ့် သေဘေးကလွတ်မြောက်နိုင်မယ့် ဆေးတစ်မျိုးကိုရရှိဖို့အတွက်...
သူအရမ်းချစ်တဲ့ သမီးလေးအတွက် ဘယ်လိုတွေရင်ဆိုင်သွားမယ်ဆိုတာ.....။
IMDb Rating (6.2/10) ရရှိထားတဲ့ Action ဇာတ်ကားပါ။
Connection မကောင်းသူများအတွက် Small File Size(306MB)ကိုပါတင်ဆက်ထားပါတယ်။

9-9-81 (2012)


Director: Rapeepimol Chaiyasena ရိုက်ကူးတင်ဆက်ထားပြီး
13 September 2012 (Thailand) မှာ ရုံတင်ခဲ့တဲ့ ထိုင်းသရဲကားဖြစ်ပါတယ်...

ဇတ်လမ်း ပုံစံကတော့ လက်ထပ်မယ် ပြောထားတဲ့ ချစ်သူက ကားမှောက်

သေပြီလို့ ကြားပြီး တိုက်ပေါ်က ခုန်ချသွားတဲ့ မိန်းမချောလေး....

မသေခင်က သူမ ကို ကျိတ်ကြွေနေတဲ့ ထမင်းဆိုင်က ကောင်လေးကတော့

ကောင်မလေး တိုက်ပေါ်က ခုန်ချ သေသွားပြီးနောက်မှာ

သူမ ရဲ့ အတွင်းခံ အ၀တ်ကို ခိုးယူထားတာ စိတ်မသန့်လို့ ပြန်သွားအထား

အခန်းရှေ့မှာပဲ ပျောက်ဆုံးသွားတယ်....

သေခါနီး ကင်ဆာ ရောဂါသယ် တစ်ယောက်ကလဲ ထိုအခန်းကို လာအငှား

မစားသင့်တဲ့ သေသူကို ပူဇော်တဲ့ အစား စားမိလို့ အသေဆိုးနဲ့ သေရပြန်...

ချစ်သူ ဆိုတဲ့ လူရဲ့ အလိမ်စကား ကို ပြောပေးတဲ့ သူငယ်ချင်း ဆိုတဲ့ မိန်းမလဲ

ကားမှောက်ပြီး သေပြန်တယ်....

နောက်ဆုံး သူ လိမ်ညာမိလို့ သေသွားတဲ့ ကောင်မလေး အသုဘ ကို

ရောက်လာတွေ့တဲ့ ကောင်လေးလဲ နောက်နေ့ မနက် ကားပဲ မြင်ရပြီး

လူကတော့ ထူးဆန်းစွာ ပျောက်ဆုံးသွားပြန်တယ်....

Need for Speed(2014)


Tobey Marshall (Aaron Paul), a mechanic, races muscle cars in an underground circuit. Struggling to keep his business afloat, he reluctantly partners with wealthy but treacherous Dino Brewster (Dominic Cooper). However, Dino frames Tobey for a crime that sends him to prison. Two years later, Tobey is out and bent on revenge; his only chance to take down Dino is to beat him in a high-stakes race. But to get there in time, he must successfully run a gauntlet of cops and bounty hunters.

Action/Crime/Drama အမျိုးအစားဇာတ်ကားဖြစ်ပြီးတော့ 
ပြိုင်ကားပရိတ်သတ်အတွက်တော့ လက်လွတ်မခံသင့်တဲ့ဇာတ်ကားတစ်ကားပါ...
IMDb Rating (6.7/10) ရရှိထားပါတယ်...
Connection မကောင်းသူများအတွက် Small File Size (329MB)ကိုပါတင်ဆက်ထားပါတယ်။

The Other Woman(2014)


ညှို့အားပြင်း မင်းသမီး ကင်မရွန်းဒီယာ့ဇ် (Cameron Diaz) ၊ နှုတ်ခမ်းဖျားကမှဲ့လေးနဲ့ ချစ်စဖွယ်ဆွဲဆောင်နိုင်သော အလှပိုင်ရှင် Vogue Model ကိတ်အပ်(ပ)တန် (Kate Upton) တို့နဲ့အတူ
17 Again, This is 40 စတဲ့ဇာတ်လမ်းများမှ နံမည်ကြီး မင်းသမီး လက်(ဇ)လီမန်း (Leslie Mann) တို့ပါဝင်သော The Other Woman က PG-13 အဆင့် ဟာသနှောတဲ့ အိမ်ထောင်ရေးပညာပေး
ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
ထက်မြက်ပြီးချောမောလှတဲ့ Carly , ရိုးအတဲ့ဇနီးချော Kate ,
ခပ်ချောချောကောင်မလေး Amber တို့ သုံးယောက်က
လူရှုပ်လူပွေ တစ်ဦးဖြစ်တဲ့ Kate ရဲ့ ခင်ပွန်း Mark နဲ့ တပြိုင်တည်း ပတ်သတ်မိကြပါတယ်။
အိမ်ထောင်ရေးသာမက စီးပွားရေးလောကမှာပါ လိမ်လည်ကောက်ကျစ်တဲ့ Mark ကို ဂလဲ့စားချေဖို့
အဲ့ဒီ အမျိုးသမီး ၃ယောက်ပူးပေါင်းသွားတဲ့အခါ သူတို့ အကွက်ချပြီး ကြိုးစားမှုတွေ အောင်မြင်ပါ့မလား...
မကောင်းတဲ့ဗီဇကြောင့် မိန်းမမရှုပ်ရရင်မနေနိုင်တဲ့ ယောကျာ်းတစ်ယောက် နဲ့ပတ်သတ်ပြီး 
ကိုယ်ချင်းစာမှုတွေနဲ့တည်ဆောက်ထားတဲ့ သူတို့ ၃ယောက်ရဲ့ခင်မင်မှုကရော ကြာရှည်တည်မြဲပါ့မလား..
နောက်ဆုံးမှာရော ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့
ကိုယ်တိုင်ပဲ ခံစား ကြည့်ရှုကြပါလို့ တိုက်တွန်းလိုပါတယ်။
အဲ့ဒီ ရုပ်ရှင်မှာ Bonus အနေနဲ့ ရပ်(ပ်) အဆိုတော် Nicki Minaj ရဲ့ သရုပ်ဆောင်မှုများကိုပါ ကြည့်ရမှာပါ။
(ရုပ်ရှင်အညွှန်းကို mmmovieguide မှကူးယူဖော်ပြပါသည်...) 
Connection မကောင်းသူများအတွက် Small File Size(276MB)ကိုပါတင်ဆက်ထားပါတယ်။
ဒီဇာတ်ကားကိုတော့ ညီလေး Nyiminn Thant ကတင်ဆက်ထားတာပါ။

The Chronicles of Narnia (3) : The Voyage of the Dawn Treader (2010)




ကျေးဇူးတုန့်ပြန်သောအနေနဲ့ ကြော်ငြာပုံလေးများအား တချက်စီ ကလစ်ပြီး ကြည့်ပေးကြဖို့

Love Lesson(2013)


၁၈+ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ် 

The Avengers (2012)


ဒီဇာတ်ကားကတော့ Marvel ရဲ့ Super Hero တွေ စုစည်းထားတဲ့ Action | Adventure | Sci-Fi အမျိုးအစား ဇာတ်ကားဖြစ်ပြီး IMDb မှာ Ratings: 8.2 ရတဲ့အထိအောင်မြင်ခဲ့တဲ့ ဇာတ်ကာပါ မကြည့်ရသေးတဲ့ သူများအတွက်ပါ 

Rush Hour (1998)


ဒီဇာတ်ကားကိုတော့ မိတ်ဆက်ပေးဖို့ လိုမယ်ကို မထင်တာပါ.. Jackie Chan နဲ့ Chris Tucker တို့ရဲ့ Action | Comedy အမျိုးအစား ဇာတ်ကားကောင်းလေးပါ.. မကြည့်ရသေးတဲ့ သူငယ်ချင်းတွေကြည့်ရအောင် ကြည့်ပြီးသား သူငယ်ချင်းတွေလည်း မြန်မာစာတန်းထိုးနဲ့ ထက်ကြည့်နိုင် မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်.. 

22 Jump Street


21 Jump Street ကို ကြည့်ဖူးသူတွေကတော့ 22 Jump Street ကို မျှော်နေမှာ သေချာတယ် ရယ်လဲရယ်ရသလို ကြည့်လို့လဲ ကောင်းလှပါတယ် စာတန်းထိုးပေးသူကတော့ ကိုမိုးကျော် ဖြစ်ပါတယ် ဖိုင်ဆိုဒ်ကိုတော့ တမျိုးတည်း တင်ပေးလိုက်ပါတယ် လိုင်မကောင်းတဲ့သူတွေကော အစဉ်ပြေ လိုင်းကောင်းတဲ့သူတွေ အတွက်ကလဲ ကြည်ကြည်လေးဖြစ်အောင် ဖိုင်ဆိုဒ်ကို စကဆိုဒ် 389MB နဲ့ လုပ်ပေးထားပါတယ် လုံးဝကြည်လင်ပါတယ် ဒီလောက်ဆို ကြေနပ်လိမ့်မယ် ထင်ပါတယ် အောက်မှာဒေါင်းလိုက်ပါဦး သြော် pCloud က ဒေါင်းရခက်နေတယ်ပြောလို့ solidfiles ကနေ တင်ပေးထားပါတယ် ကွန်ပျူတာနဲ့ ဒေါင်းသမားများ Download ဆိုတဲ့စလုံးကြီးအောက်က Direct Download ဆိုတာကို နှိပ်ဒေါင်းပါ နောက် အပေါ်ကဟာကြီး နှိပ်ပြီး မရဘူး အော်နေဦးမယ် 

Battleship (2012)


ဂြိုလ်သားတွေနဲ့ ရေကြောင်းတိုက်ပွဲဝင်မယ့် Action ဇာတ်ကားပါ...
အဆိုတော် Rihana လဲအားဖြည့်သရုပ်ဆောင်ထားပါတယ်...