Latest Movie :
Recent Movies

မန်ဘာဝင်ထားခြင်းဖြစ် အသစ်တင်တိုင်း ကြည့်ရပါမည်

ကြော်ငြာပုံလေးတွေ နှိပ်ပြီးကျေးဇူးတုန့်ပြန်ပါ

The Croods (2013)


Idea ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ ဟာသဆန်ဆန် Animation ဇာတ်ကားလေးပါ...
Family နဲ့ကြည့်ဖို့လက်လွတ်မခံသင့်တဲ့ဇာတ်ကားလေးပါ... pCloud ကနေ 359 MB နဲ့ တင်ပေးလိုက်ပါတယ်ဗျာ 

Date and Switch (2014)


ပေါ့ပေါ့ပါးပါး ဟာသကား ကြည့်ချင်သူများအတွက် ဟာသကားလေး တစ်ကား တင်ပေးလိုက်ပါတယ်ဗျာ အထွေအထူးတော့ မမိတ်ဆက်တော့ပါဘူး pCloud ကနေ 218MB နဲ့ တင်ပေးလိုက်ပါတယ်ဗျာ 

The Boxtrolls(2014)


Animation ပရိတ်သတ်တွေအတွက် ထွက်ထားတာ မကြာသေးတဲ့ ကာတွန်းဇာတ်ကားအသစ်ကို
တင်ဆက်လိုက်ပါတယ်....IMDb Rating (6.9/10) ရရှိထားတဲ့ ဇာတ်ကားဖြစ်လို့
ကာတွန်းကြိုက်ပရိတ်သတ်တွေလက်လွတ်မခံသင့်တဲ့ဇာတ်ကားပါ။ ဖိုင်ဆိုဒ် 222MB နဲ့ တင်ပေးလိုက်ပါတယ် 

The Hobbit: The Desolation of Smaug(2013)


The Hobbit ပထမဇာတ်ကားအဆက် ဒုတိယမြောက်ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားက Lord of the Rings Trilogy ရဲ့ Prequel ဖြစ်ပြီး The Hobbit Trilogy ရဲ့ ဒုတိယမြောက်ကားလည်းဖြစ်ပါတယ်။
ဒီကားမှာ Lord of the Rings ထဲက မင်းသားချော Orlando Bloom က Legolas အဖြစ်ပြန်လည်ပါဝင်လာပြီး၊ အခြား ဇာတ်ကောင်အသစ်တွေလည်း အများအပြားပါဝင်လာပါတယ်။ ပထမဇာတ်ကား အစပိုင်းမှာ Dwarf တွေရဲ့ ရတနာတွေ ကြောင့် နဂါးကြီးတစ်ကောင်က Dwarf တွေ မြို့ကို ကျူးကျော်ဝင်ရောက် ခဲ့သလို Dwarf တွေလည်း သူတို့ရဲ့ မြို့ကိုစွန့်ခွာခဲ့ရပါတယ်။
ဒီကားမှာ Dwarf တွေက Gandalf နဲ့ Bilbo (Frodo ရဲ့ ဦးလေးဖြစ်သူ) ရဲ့အကူအညီနဲ့ သူတို့ မြို့ထဲကို ခိုးဝင်ပြီး နဂါးကြီးစောင့်ကြပ်နေတဲ့ ရတနာတွေထဲက Dwarf ဘုရင် ရဲ့ ရတနာ ဖြစ်တဲ့ Arkenstone ကို ၀င်ခိုးရမှာဖြစ်ပြီး၊ ဒီရတနာရှိမှသာ တခြား Dwarf တွေကို ဆင့်ခေါ်နိုင်မှာဖြစ်ပါတယ်။
ဇာတ်ကားက ထုံးစံအတိုင်း Action/Adventure ပုံစံရိုက်ကူးထားတာဖြစ်ပြီး လိုရာခရီးကို
သွားရင်းနဲ့ အန္တာရာယ်ကြုံတွေ့တာတွေ၊ စွန့်စားခန်းတွေ၊ ကို အဓိကတင်ဆက်ထားပါတယ်။
The Lord of the Rings ကားတွေ ရော Hobbit ပထမကားကို ရိုက်တဲ့ ဒါရိုက်တာပဲဖြစ်တာကြောင့်အထူးပြောစရာမလိုပါဘူး။ ဒီ LOTR နဲ့ Hobbit ဇာတ်ကားတွေက ၀တ္ထုကို ရုပ်ရှင် ပြန်ရိုက်တဲ့ ဇာတ်လမ်းတွေမှာ ပရိတ်သတ်အားပေးမှုအများဆုံးရတဲ့ကားတွေဖြစ်ပြီး၊ မူရင်း ဇာတ်လမ်းရဲ့ ရသကို မပျက်အောင် ထိန်းထားနိုင်လောက်အောင်ကောင်းပါတယ်။
ဇာတ်ကားကောင်းတစ်ကားဖြစ်ပေမယ့် LOTR နဲ့မရင်းနှီးတဲ့သူတွေအတွက် ကတော့ အနည်းငယ် ပျင်းစရာကောင်းပါတယ်။ ဒီကားက ပထမကားနဲ့ ယှဉ်ရင် အနည်းငယ်နှေးမှာဖြစ်ပြီး၊ သူက တတိယကားကို အစပျိုးပေးထားတဲ့ပုံစံဖြစ်တာကြောင့် တတိယကားက အကောင်းဆုံး ကားတစ်ကားဖြစ်လာနိုင်ပါတယ်။ ဒီကားမှာဖြစ်ပျက်သမျှအားလုံးက တတိယကားမှာ မှ သွားအဆုံးသတ်မှာဖြစ်တာကြောင့် ပရိတ်သတ်တွေ မတင်မကျဖြစ်အောင်လုပ်ထားခဲ့တယ်လို့လည်း ပြောချင်ပါတယ်။ အထူးသဖြင့် LOTR ရဲ့ အဓိက Villain ကြီး ဖြစ်တဲ့ Sauron ( The Dark Lord) က Bilbo ကြောင့် ပြန်လည် နိုးထလာပြီဖြစ်ပြီး၊ ဒီကားရဲ့ အကောင်းဆုံး ဇာတ်ဝင်ခန်းအနေနဲ့ Sauron နဲ့ Gandalf တို့ရဲ့ အားပြိုင်မှုကိုလည်းတွေ့ရမှာပါ။
အကောင်းဆုံးဇာတ်ကားတစ်ကားပါ။ Prisoners လိုစိတ်လှုပ်ရှားမှုမျိုး၊ The Dark Knight Rises လို ခံစားချက်မျိုး မရနိုင်ပေမယ့်၊ Adventure ကားတွေထဲမှာတော့ ဒီနှစ်အတွက် အကောင်းဆုံးကားပါလို့ပြောချင်ပါတယ်။
pCloud ကနေ ဖိုင်ဆိုဒ် 406MB နဲ့ အရည်အသွေး မကျအောင် တင်ပေးလိုက်ပါတယ်ဗျာ 

The Hobbit: An Unexpected Journey(2012)


ရှေးရှေးတုန်းက လူပု ထရော် ဟာ အဲရီဘော်(ရ်)ပြည်ရဲ့ ဘုရင်ဖြစ်လာတဲ့အခါ သူ့မိသားစုဆွေမျိုးများ ချမ်းသာလာကြပါတယ်။ ဒါပေမယ့် စမော့(ဂ်)(Smaug) ဆိုတဲ့ နဂါးကြီးက သူတို့ရဲ့ရွှေတွေကို သိမ်းပိုက်ဖို့ ဒေး(ပ်)မြို့ကို ဖျက်ဆီးလိုက်ရုံမက အဲရီဘော်(ရ်)ပြည်သားတွေကို နှင်ထုတ်လိုက်ပါတယ်။ ထရော်ဧ။်မြေးဖြစ်သူ သိုရင် ကနတ်သူငယ်တို့ရဲ့ဘုရင် ထရန်ဒိုး(လ်)ဆီက အကူအညီသွားတောင်းပေမယ့် ၄င်းတို့က မကူညီတဲ့အပြင် လူပုတွေကို ကျောခိုင်းစွန့်ခွာသွားကြပါတယ်။ဟော့ဘစ် ဆိုတဲ့ မျိုးနွယ်စုဝင် လူငယ် ဘီ(လ်)ဘိုကို မှော်ဆရာကြီး ဂန်ဒေါ့(ဖ်)က လာတွေ့ပြီး စမော့(ဂ်) လက်ထဲက ရတနာတွေကို သွားခိုးယူမယ့်သိုရင်နဲ့ သူ့တပည့်လူပုစစ်သည် တစ်စုနဲ့အတူ လိုက်ပါဖို့စည်းရုံးပါတယ်။ဘီ(လ်)ဘိုနဲ့လူပုတွေဟာ အထီးကျန်တောင် ပေါ်တက်ကြတုန်း ထရိုး(လ်)ဆိုတဲ့ ဘီလူးကြီးတွေက ဘီ(လ်)ဘိုတို့အားလုံးကို သတ်စားခါနီးမှာ ဂန်ဒေါ့(ဖ်)ရောက်လာပြီး ဘီလူးတွေကို ကျောက်ရုပ်ဖြစ်အောင် ဖန်ဆင်းကာ သူ့လူတွေကို ကယ်တင်လိုက်ပါတယ်။ ဘီလူးကြီးတွေရဲ့လိုဏ်ဂူထဲ ၀င်ရှာဖွေတဲ့အခါ တန်ခိုးရှိတဲ့ အယ်(လ်)ဗင်ဓားမြှောင်တွေကို ဘီ(လ်)ဘိုတို့ ကောက်ရကြပါတယ်။
ဘီ(လ်)ဘိုတို့အုပ်စုဟာ ဂရင်းဝု(ဒ်)ဆိုတဲ့ သစ်တောကြီးထဲမှာ တစ်ယောက်တည်းနေထိုင်တဲ့ မှော်ဆရာ ရာဒါဂါ့(စ်)နဲ့တွေ့ဆုံကြတဲ့အခါ သစ်တောကြီးကို အောက်လမ်းပညာနဲ့ အမှောင်ချထားတဲ့ ဒို(လ်)ဂါဒူးအရပ်မှ မှော်ဆရာကြီးတစ်ဦးအကြောင်း၎င်းက ပြောပြပါတယ်။ မကြာခင်မှာ ဂရင်းဝု(ဒ်)သစ်တောထဲကို ၀ံပုလွေနဲ့တူတဲ့ ၀ါ့(စ်) နှင့် ပြိတ္တာလိုလို အော့(စ်)ဆိုတဲ့ သတ္တ၀ါကောင်ကြီးတွေက လာရောက်တိုက်ခိုက်ကြလို့ သိုရင်နဲ့ ဘီ(လ်)ဘိုတို့ အားလုံးထွက်ပြေးကြရပါတယ်။ မှော်ဆရာ ရာဒါ့ဂါ့(စ်)ကလည်း အပြေးသန်တဲ့ သူ့ရဲ့ လှည်းကလေးနဲ့ ထွက်ပြေးရင်း အဲ့ဒီသတ္တ၀ါတွေကို အာရုံလွှဲပေးတယ်။
 နတ်သူငယ်ပြည်မှ လော့(ဒ်)အယ်(လ်)ရွန်နဲ့ မြင်းစီးစစ်သည်တော်တွေဟာ ၀ါ့(စ်)နှင့် အော့(စ်)တွေကို လာရောက်သုတ်သင်ပေးလို့ လွတ်သွားတဲ့ ဘီ(လ်)ဘိုတို့ကို ဂန်ဒေါ့(ဖ်)က အေးချမ်းသာယာတဲ့ နတ်သူငယ်တိုင်းပြည် ရေဗင်ဒဲ(လ်)ကို ခေါ်ဆောင်သွားပါတယ်။လော့(ဒ်)အယ်(လ်)ရွှန်၊ဂါလာဒရီး(လ်) နဲ့မှော်ဆရာကြီး ဆာရူမန်တို့ ပါဝင်တဲ့ အဖြူရောင်ကောင်စီကို ဂန်ဒါ့(ဖ်)က ဖြစ်ကြောင်းရယ်ကုန်စင် ရှင်းလင်းတင်ပြပါတယ်။သစ်တောကြီးကို အောက်လမ်းပညာဖြင့် ပြုစားထားတဲ့ မှော်ဆရာဟာ လူယုတ်မာ မဟူရာသခင်ကြီး ဆော်ရွန်ပဲ ဖြစ်မယ်လို့ မိမိယုံကြည်ကြောင်း ဂန်ဒါ့(ဖ်)က တစ်ပါတည်းပြောပါတယ်။အဲဒီနောက် ဂန်ဒါ့(ဖ်)က ဘီ(လ်)ဘိုနှင့်လူပုတွေကို မြူခိုးဖုံးတဲ့ တောင်တန်းတွေဆီကို စေလွှတ်လိုက်ပါတယ်။ အဲဒီင်္တောင်တန်း ပေါ်တက်နေတုန်း ဘီ(လ်)ဘိုတို့ အုပ်စုကို မိစ္တာလိုလို ပြိတ္တာလိုလို သတ္တ၀ါတွေ ဖမ်းချုပ်ပြီး သူတို့ခေါင်းဆောင်ကြီး ဆီခေါ်သွားပါတယ်။ဘီ(လ်)ဘိုကတော့ သိုရင်တို့အုပ်စုနဲ့ကွဲပြီး လိုဏ်ဂူတစ်ခုထဲသို့ လိမ့်ကျသွားပါတယ်။ အဲဒီလိုဏ်ဂူထဲမှာ မှင်စာ ဂိုလမ် ကိုသူတွေ့ရတယ်။ ဂိုလမ်က တခြားမှင်စာတစ်ကောင်ကို သတ်စားနေတုန်း သူ့လက်ထဲက မှော်လက်စွပ်တစ်ကွင်း မတော်တဆ ကျပျောက်သွားပါတယ်။ ဘီ(လ်)ဘိုက အဲဒီလက်စွပ်ကို ကောက်ယူပြီး သူ့အိပ်ကပ်ထဲဝှက်ထားလိုက်တယ်။ဘီ(လ်)ဘိုကို ဂိုလမ်းကမြင်သွားပြီး သတ်စားဖို့ကြံစည်တဲ့အခါ ဘီ(လ်)ဘို နိုင်ရင်ထွက်ပေါက်လိုက်ပြမယ်။သူနိုင်ရင် ဘီ(လ်)ဘို အသတ်ခံရမယ်လို့ပြောတော့ ဘီ(လ်)ဘိုက လက်ခံတယ်။ တစ်ယောက်တစ်လှည့် စကားထာဝှက်ကြရာမှာ ဘီ(လ်)ဘို အနိုင်ရပေမဲ့ လည်းကောင်းလက်ထဲမှာ မိမိလက်စွပ်ရှိနေမှန်း ဂိုလမ်ရိပ်မိသွားတဲ့အခါ ဘီ(လ်)ဘိုကို စတင်တိုက်ခိုက်ပါတော့တယ်။အဲဒီအချိန်မှာ ဂန်ဒါ့(ဖ်)၊ သိုရင်နဲ့ လူပုအုပ်စုလည်း အော့(စ်)တွေလက်က လွတ်ဖို့အပြင်းအထန် တိုက်ပွဲ ဆင်နွှဲလျှက်ရှိပါတယ်။ လိုဏ်ဂူထွက်ပေါက်ဆီ ဘီ(လ်)ဘို ရောက်ပါ့မလား။အော့(စ်)တွေလက်ထဲက ဂန်ဒါ့(ဖ်)တို့ လွတ်နိုင်ပါ့မလားဆိုတာ .. . ဆက်လက်ရူစားစေချင်ပါတယ်။
The Hobbit:An Unexpected Journy ဟာ စာရေးဆရာကြီး J.R.R Tolkien ရဲ့ ကမ္ဘာကျော်လျှို့ဝှက်ဆန်းကြယ်ပုံဝတ္တု The Hobbit ကိုမှီငြမ်းအသက်သွင်းတဲ့ ရုပ်ရှင်သုံးကားရဲ့ ပထမပိုင်းဖြစ်ပါတယ်။ The Hobbit ဟာ သုံးကားတွဲဇာတ်ကား The Lord of The Rings ရဲ့ နောက်ဆက်တွဲ (sequel)မဟုတ်ဘဲ ၊ အဲဒီမူရင်းဝတ္တုအရင် ရေးသားထုတ်ဝေခဲ့တဲ့ ၀တ္တုဖြစ်လို့လည်းကောင်းကို prequel (နိဒါန်းဇာတ်လမ်း) လို့ခေါ်ပါတယ်။
LOTR ဇာတ်ကားတွဲရဲ့ အဓိကဇာတ်ကောင် ဖရိုဒိုရဲ့ ဦးလေး ဘီ(လ်)ဘိုက ယခုဇာတ်ကားမှာ အဓိကဇာတ်ကောင်ဖြစ်ပြီး LOTR ဇာတ်လမ်းမစခင် နှစ်ပေါင်6း0 ခန့်မှာ ဇာတ်အိမ်တည်ထားပါတယ်။
The Hobbit ကို LOTR ဖန်ဆင်းခဲ့တဲ့ ဇာတ်ညွှန်းဆရာအတွဲ Peter Jackson, Fran Walsh, Phillipa Boyens တို့နဲ့အတူ Pans’ Labyrinth နဲ့ Hellboy ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ Guillermo del Toro တို့ပူးပေါင်းရေးသားပြီး LOTR သုံးကားလုံးရဲ့ ဒါရိုက်တာ P.Jackson ကပဲရိုက်ကူးပါတယ်။ LOTR သုံးကားဟာ  2-D ဇာတ်ကားတွေဖြစ်ပေမဲ့ ယခု Hobbit ကတော့ 3-D ဖြစ်ပါတယ်....
(ရုပ်ရှင်အညွှန်းကို 7onlineradio.com မှကူးယူဖော်ပြပါသည်....) pCloud ကနေ ဖိုင်ဆိုဒ် 427MB နဲ့ အရည်အသွေး မကျဘဲ တင်ပေးလိုက်ပါတယ်ဗျာ 

The Imitation Game (2014)


တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ထားတာပါ။ ဒီဇာတ်ကားမှာ ရှားလော့ဟုမ်းဇာတ်ကားတွဲတွေမှာသရုပ်ဆောင်တတ်တဲ့ မင်းသား Benedict Cumberbatch နဲ့ မင်းသမီးချော Keira Knightley တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒုတိယကမ္ဘာစစ်တုန်းက ဗြိတိသျှတွေဟာ ဂျာမန်တွေရဲ့ အနီဂမာဆိုတဲ့ Decryption method ကို crack ဖို့ကြိုးစားပုံကို ပုံဖော်ထားပါတယ်။ အနီဂမာဆိုတဲ့ ဝှက်စာနည်းလမ်းကို ဘယ်နိုင်ငံကမှ မဖော်ထုတ်နိုင်ပါဘူး။ ဝှက်စာပို့ပေးတဲ့ ရေဒီယိုထုတ်လွှင့်မှုကိုတော့ ဖမ်းနိုင်ပါတယ် ဒါပေမယ့်ခက်တာက အဲဒီ message တွေက encode လုပ်ထားပါတယ်။ အနီဂမာ မက်ဆေ့မှာ ဘယ်နေ့ဘယ်ချိန် ဘယ်နေရာမှာ ဗုံးကြဲမယ် ဆိုတာတွေကအစ ဂျာမန်တွေရဲ့ စစ်ဆင်ရေးတစ်ခုလုံး ပါဝင်နေတာဆိုတော့ အဲဒီ code ကိုသာ crack နိုင်ရင် ဂျာမန်တွေဘာလုပ်မယ်ဆိုတာ ကြိုသိနိုင်ပြီပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အရာမှ လွယ်လွယ်ကူကူတော့ မရဘူးပေါ့။ ဒီတော့ ဗြိတိန်တွေက တနိုင်ငံလုံးက အတော်ဆုံး cryptographer တွေကိုစုခိုင်းပြီး crack ခိုင်းတာပေါ့လေ။ အနီဂမာကို ချိုးဖောက်နိုင်ခဲ့လို ဒုတိယကမ္ဘာစစ်ဟာ မြန်မြန်တိုတောင်းစေခဲ့တယ်လို့ ဆိုပါတယ်။ ဇာတ်ကားတစ်ခုလုံးဟာ လျို့ဝှက်ချက်တွေများပြားလွန်းပြီး သူတို့ရဲ့ ကိုဒ်ချိုးဖောက်တဲ့အဖွဲ့အစည်းကိုလည်း ထိပ်သီးလျို့ဝှက် ပရိုဂရမ်အဖြစ်ရှိနေစေခဲ့ပါတယ်။ ရှားလော့ဟုမ်းဇာတ်လမ်းတွဲတွေရိုက်နေတဲ့ Benedict Cumberbatch နဲ့တော့ကွက်တိလို့ဆိုရမလားပဲ။ နောက်မှသိရတာ မင်းသားက Homosexual တစ်ယောက်ဖြစ်နေတာပါပဲ။ ဗြိတိန်မှာ အဲဒီတုန်းက ဟိုမိုတွေဟာ တရားမဝင်ပါဘူး။ ဒါကြောင့် ထောင်ကျခံရနိုင်တဲ့ပြစ်မှုမြောက်ပါတယ်။
ဘုရင်မ အလိစဘတ်က 2013 နှစ်မှ အဲဒီဥပဒေကို ပြန်ပြင်ပေးလိုက်တယ်လို့ဆိုပါတယ်။ ဘာလို့ IMDB Rating 8.2 ရရှိထားတာလည်းဆိုတာကို ကျွန်တော်ကတော့ နည်းနည်းအံ့သြမိပါတယ်။ 
စကားပြောတာတွေက ဗြိတိသျှစကားဆိုတော့ ကြည့်ရတာတမျိုးလို့ထင်ရပေမယ့် ခြုံငုံလိုက်တော့ မဆိုးဘူးလို့ ဆိုချင်ပါတယ်။ pCloud ကနေ 275 MB နဲ့ တင်ပေးလိုက်ပါတယ်

The Hobbit: The Battle of the Five Armies(2014)


The Hobbit ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးဇာတ်သိမ်းဇာတ်ကားပါ။ Hobbit 2 တုန်းက မသေခဲ့တဲ့ နဂါးကြီး Smaug ကိုနှိမ်နှင်းပုံအပါအဝင်  Orc တွေနဲ့ တိုက်ခိုက်မယ့် တိုက်ပွဲတွေကိုပါတွေ့ရမှာပါ။ စိတ်လှုပ်ရှားဖွယ် ဇာတ်ကြောင်းအဖြစ် ဖန်တီးတင်ဆက်ထားပြီး IMDb Rating(7.7/10) ရရှိထားတဲ့အတွက် Action/Adventure ပရိတ်သတ်တွေအတွက်ကတော့ စိတ်ကျေနပ်မှုရစေမှာပါ။ ဝမ်းနည်းမှု့တွေနဲ့ ဇာတ်သိမ်းသွားတယ်ဗျာ ကဲ pCloud ကနေ ဖိုင်ဆိုဒ် 334 MB နဲ့ တင်ပေးလိုက်ပါတယ်ဗျာ 1 နဲ့ 2 ကို ကြည့်ပြီးကြပြီလို့ ထင်ပါတယ် အကယ်၍ ပြန်ကြည့်ချင်သူများပါက ပြန်တင်ပေးပါ့မယ် 

Seven Psychopaths ( 2012 )


ဒီဇာတ်ကားလေးကတော့ 
ဟာသကြိုက်နှစ်သက်သူများအတွက်ဖြစ်ပါတယ်
ဟာသဆိုပေမယ့် လူသတ်တာတွေပါတဲ့အတွက်
ကလေးငယ်တွေနဲ့ ကြောက်တတ်သူများမကြည့်ပါနဲ့လို့
ကြိုသတိပေးလိုက်ပါရစေ 
မြန်မာစာတန်းထိုးနဲ့ဆိုတော့ အညွှန်းမပေးတော့ပါဘူး
pCloud ကနေဖိုင်ဆိုဒ် 258 MB နဲ့ တင်ပေးလိုက်ပါတယ် 

Fury (14)


၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့  နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။
 အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ၀ါရင့်စစ်သားတွေပဲဖြစ်ပါတယ်။
ဖျူရီ ရဲ့လက်ထောက်ကားမောင်းသမား ကျဆုံးသွားတဲ့အချိန်မှာတော့ လူစားထိုးအနေနဲ့  တပ်လက်နှိပ်စက်စာရေး နော်မန် ( Norman ) ရောက်လာပါတယ်။ ဖျူရီ ရဲ့ အဖွဲ့သားတွေက အတွေ့အကြုံမရှိ တဲ့ နော်မန်ကို မလိုလားကြပါဖူး။ တစ်ရက်တော့ ကင်းထောက်ထွက်ရင်း ဖျူရီပေါ်မှ ကင်းတာဝန်ယူထားတဲ့ နော်မန်က ရန်သူကိုမြင်လိုက်ပေမယ့် ဆယ်ကျော်သက်အရွယ်ဖြစ်နေတာမို့ သတ်ဖို့လက်မရဲတဲ့အတွက် အမေရိကန်တပ်မှ တင့်ကားတစ်စီးပျက်စီးကာ စစ်သားများလည်း အနိုင်ရသွားပါတယ်။ ကော်လီရာက နော်မန်ကို ဒေါသတကြီးဆူပူကာ အရှင်မိထားတဲ့ ဂျာမန်သုံ့ပန်းတစ်ယောက်ကို သူ့ရှေ့မှာတင် သေနတ်နဲ့ပစ်ခိုင်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့  ရန်သူကိုမသတ်ရဲတဲ့ နော်မန်ကို ကော်လီယာကိုယ်တိုင် အတင်းဖမ်းချုပ်ပြီး လက်ထဲကိုသေနတ်အတင်းထည့်ကာ ရန်သူကိုပစ်သတ်လိုက်ပါတယ်။
ဖျူရီအပါအ၀င် တခြားတင့်ကားတပ်ဖွဲ့တွေက ရိက္ခာပို့ယဉ်တွေကို ကာကွယ်ဖို့ အရေးပါတဲ့လမ်းကြောင်း တစ်လျှောက် စစ်ဆင်ရေးလုပ်ခဲ့ရာ ဂျာမနီဘက်မှ အကြီးစားတင့်ကား Tiger 1 နဲ့ရင်ဆိုင်ရတဲ့အတွက် တခြားတင့်ကားတွေအားလုံး ပျက်ဆီးကာ ဖျူရီတစ်စီးပဲ ကျန်ရစ်ပါတယ်။ အပြန်လမှ်းာ မြေမြှုပ်မိုင်းတစ်ခုကို နင်းမိပြီး ဖျူရီရဲ့ ဘီးတွေပျက်ဆီးသွားပါတယ်။ 
 ကော်လီရာက နော်မန်ကို အနားက တောင်ကုန်းပေါ်မှာ ကင်းစောင့်ခိုင်းထားပြီး ကျန်တဲ့သူတွေနဲ့ ဖျူရီကို ပြင်ဖို့ကြိုးစားပါတယ်။ နော်မန်ကင်းစောင့်နေစဉ်အတွင်း ဂျာမန်စစ်သား သုံးရာကျော်ဟာ စစ်သီချင်းသံပြိုင်ဆိုကာ ဖျူရီရှိတဲ့ လမ်းတည့်တည့်ကို ချီတက်လာနေကြောင့် တွေ့လိုက်ရပါတော့တယ်။ 
အဲ့ဒီအကြောင်းကို နော်မန်က ကော်လီရာဆီ အချိန်မီရောက်အောင် အမြန်သတင်းပို့လိုက်ပါတယ်။ ကော်လီရာက ဖျူရီတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဘိုင်ဘယ် ၊ ကွန်းအက်စ်  ၊ဂေါ်ဒို  နဲ့ နော်မန်တို့ကို လက်နက် ကျည်ဆံအပြည့်ပေးပြီး အကာအကွယ်ရှိရာ တောတန်းဆီကို ဆုတ်ခွာခိုင်းပါတယ်။ သူကိုယ်တိုင်ကတော့ ဖျူရီပေါ်မှ စက်သေနတ်ကို ကျည်ဖြည့်ကာ စောင့်နေခဲ့ပါတယ်။  
လက်တွဲညီတဲ့ ဖျူရီ ဘက်တော်သားတွေက ခေါင်းဆောင်ဖြစ်တဲ့ ကော်လီရာကိုမထားခဲ့ နိုင်ကြပဲ ဘီးတွေပျက်ဆီးသွားလို့ မရွေ့လျားနိုင်တော့တဲ့ ဖျူရီပေါ်မှနေပြီး ရန်သူအင်အား သုံးရာကျော်ကို ခုခံဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။   
 သူတို့ ၅ယောက်က လက်နက်၊ ကျည်၊ လက်ပစ်ဗုံး ရသမျှစုစည်းကာ ဖျူရီကိုလည်း တင့်ကားအပျက်သဖွယ် ပြင်ဆင်ပြီး ရန်သူတပ်ကြီးအလာကို တင့်ကားအတွင်းမှ တိတ်ဆိတ်စွာစောင့်ဆိုင်းနေပါတော့တယ်။ 
တင့်ကားကို သန့်ရှင်းရေးလုပ်ဖို့အသွား ကားအတွင်းမှ ခန္စာကိုယ်အပိုင်းအပြတ်ကို မြင်ပြီး ကြောက်လန့်ကာထွက်ပြေးခဲ့ရတဲ့ နော်မန်က အခုတော့ ဖျူရီရဲ့ အားကိုးရတဲ့ စစ်သားတစ်ယောက်ဖြစ်နေပါပြီ။ ခေါင်းဆောင်ဖြစ်တဲ့ ကော်လီရာက ဖျူရီကိုရောက်လာတဲ့ သူ့လက်အောက်ငယ်သားအားလုံးကို ဘေးကင်းစေရမယ်လို့ အာမခံကာ သူကိုယ်တိုင်က တင့်ကားအတွင်းမှာဘယ်တော့မှမနေပဲ တင့်ကားအမိုးမှာခေါင်းထွက်ကာ တိုက်ပွဲမြင်ကွင်းကို သေချာကြည့်ပြီး ကြီးကြပ်ကွပ်ကဲတဲ့အတွက် ရန်သူ့တပ်နဲ့တွေ့တိုင်း ဖျူရီက အနိုင်ရခဲ့တာချည်းပဲဖြစ်ပါတယ်။ 
ဒီတစ်ခါ တိုက်ပွဲကတော့ ဖျူရီအတွက် နောက်ဆုံးတိုက်ပွဲဖြစ်မလား ။ ရန်သူဘက်မှအင်အားများပေမယ့် တင့်ကားမပါတဲ့အတွက် ဖျူရီအတွက် မျှော်လင့်ချက်ရှိနိုင်မလား။ ကော်လီရာရဲ့ ကွပ်ကဲမှုနဲ့ဖျူရီတပ်ဖွဲ့ဝင်တွေ အရင်လိုပဲ အောင်ပွဲခံနိုင်မလား ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားကြည့်စေလိုပါတယ်။ 
ဖျူရီက စစ်ပွဲ ရိုက်ကွင်းအပြင်အဆင်၊ သရုပ်ဆောင်တွေရဲ့ ပီပြင်မှု တွေကြောင့် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ခံရတဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်မင်းသား ဘရက်ပစ်ရဲ့ ကော်လီရာဇတ်ရုပ်အပေါ် ပီပြင်မှုကလည်း ဇာတ်ရှိန်ကို မြင့်တက်စေပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ဖျူရီဇာတ်ကားရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကိုတွေ့ကြုံခံစားရတဲ့ သာမန်မိသားစုတွေလိုပဲ ဖျူရီတပ်ဖွဲ့ဝင်တွေကလည်း သူတို့ရဲ့ တင့်ကားနဲ့ မိသားစုဝင်တွေဖြစ်တဲ့ တင့်ကားအဖွဲ့ဝင်တွေကို အချင်းချင်းကာကွယ်စောင့်ရှောက်ပုံကို ရိုက်ကူးထားတာဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။
ရုပ်ရှင်အစအဆုံး စစ်အနိဌာရုံများကိုလည်း ပီပြင်စွာ ကြည့်ရမယ့်ဒီဇာတ်ကားက လက်ရှိမှာ  IMDB rating 8.1 ရရှိထားပါတယ်။ မင်းသား ဘရက်ပစ် ဦးဆောင်ပါဝင်ပြီး End of Watch (2012) , Training Day (2001), The Fast and Furious (2001) တို့ရဲ့ နံမည်ကျော်ဒါရိုက်တာ ဒေးဗစ်အိုင်ယာက ထုတ်လုပ်သူ ဒါရိုက်တာ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါကြောင်း… 
(ရုပ်ရှင်အညွှန်းကို mmmovieguide မှကူးယူဖော်ပြပါသည်။)
မြန်မာစာတန်းထိုးကိုတော့ (လင်းဒီပါ+ Lotus Black) တို့မှ ကိုယ်တိုင်ဘာသာပြန်ခဲ့တာဖြစ်ပါတယ်။

John Wick(2014)


ဒီကားက တော့ ကျွန်တော် ပြောထားသလိုပဲ Keanu Reeves ရဲ့ တကြော့ပြန်ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ 1999 The Matrix ဇာတ်ကားနဲ့ ကမ္ဘာကျော်မင်းသားဖြစ်လာခဲ့တဲ့ Keanu ဒီဇာတ်ကားမှာ အကောင်းဆုံးကြိုးစားသရုပ်ဆောင်သွားနိုင်တာ တွေ့ရပါတယ်။

မနှစ်က ထွက်တဲ့ 47 Ronin မှာထဲက ကောင်းပေမယ့် ဇာတ်လမ်က မကောင်းတာကြောင့် လူတွေသိပ်စိတ်မ၀င်စားခဲ့ပါဘူး။ ဒါပေမယ့် John Wick ကတော့ ပရိတ်သတ်အားပေးမှုရော၊ ရုပ်ရှင်ဝေဖန်သူတွေရဲ့ အားပေးမှုကိုပါ ရရှိခဲ့ပါတယ်။

ဇာတ်လမ်းက တော့ John Wick ရဲ့ မိန်းမက ကင်ဆာရောဂါနဲ့ သေသွားခဲ့ ပြီးနောက်မှာ သူ့အတွက် ခွေးကလေး တစ်ကောင် ချန်ထားခဲ့ပါတယ်။ တစ်ယောက်တည်းအထီးကျန်မနေပဲ သူမကိုယ်စား ဒီခွေးလေးကို ဂရုစိုက်ပါ၊ ချစ်ပါလို့ စာရေးသွားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာမထင်မှတ်ပဲ ရုရှားမာဖီးယား ဂိုဏ်းက လူငယ်သုံးဦးက John Wick စီးတဲ့ 69 Mustang ကြီးကို တွေ့သွားပြီး လိုချင်လို့ ၀င်ခိုးရာကနေ John ရဲ့ ခွေးလေးကို ပါသတ်ပစ်ခဲ့ပါတယ်။

အဲ့ဒီနောက် အနားမှာရှိတဲ့ ကားဝပ်ရှော့ (မာဖီးယားနဲ့ပေါင်းလုပ်တဲ့ဝပ်ရှော့) ကို ကား VIN Number နဲ့ အရောင်ပြောင်းပေးဖို့ ယူသွားခဲ့ပါတယ်။ ကားခိုးခဲ့တဲ့ ကောင်လေးက New York က အကြီးဆုံး Russia Mafia ခေါင်းဆောင်ရဲ့ သားဖြစ်ပြီး၊ ဆိုင်ရှင်ကလည်း သူ့အဖေနဲ့ အတူတွဲလုပ်နေသူဖြစ်ပါတယ်။ ဒါပေမယ့် ဆိုင်ရှင်က ကားကို ပြင်ပေးဖို့လက်မခံ ပဲ ကောင်းလေးကို မောင်းထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Mafia ခေါင်းဆောင် Viggo Tarasov က ဆက်သွယ်လာရာမှာ သူ့သားက John Wick ရဲ့ ကားကို ခိုးပြီး သူခွေးလေးကို သတ်ခဲ့တယ်ဆိုတာ သိလိုက်ရပါတယ်။

ဒီလိုနဲ့ သူသားပြန်လာတဲ့ အခါကျမှ Viggo က သားကို John Wick ဆိုတာ ဘယ်လိုလူလည်းဆိုတာ ရှင်းပြခဲ့ပါတယ်။ John Wick က တစ်ချိန်တုန်းက သူနဲ့အတူတွဲလုပ်ဖူးတဲ့ ကြေးစားလူသတ်သမားတစ်ယောက် ဖြစ်ကြောင်း၊ သူ မလုပ်နိုင်တဲ့ အလုပ်ဆိုတာ မရှိဘူးဆိုတဲ့အကြောင်းပြောပါတယ်။ နောက်ဆုံး လွန်ခဲ့တဲ့ ငါးနှစ်က သူဒီ အလုပ်မလုပ်တော့ဘူး သူချစ်တဲ့ မိန်းမနဲ့ တူတူနေတော့မယ်လို့ ပြောလာတော့ Viggo က သူ့ကိုနောက်ဆုံးအနေနဲ့ အလုပ်တစ်ခု လုပ်ပေးရင် သူ့ ကိုပေးထွက်မယ်လို့ ပြောခဲ့ပါတယ်။ သူခိုင်းတဲ့အလုပ်ကလည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့အလုပ်ဖြစ်ပြီး John Wick အနေနဲ့ လက်ခံခဲ့ရင် အသက်ရှင် ပြန်လာဖို့မရှိဘူးလို့ တွက်ပြီး ခိုင်းတာ ဖြစ်ပေမယ့် John ကပြီးမြောက်အောင်လုပ်နိုင်ခဲ့သလို၊ Viggo တို့ လက်ရှိ အခြေအနေရောက်နေတာ John Wick ကြောင့်လို့ပြောခဲပါတယ်။

ဒါပေမယ့်လည်း သူ့သားကို ကာကွယ်ဖို့အတွက် Viggo က John Wick ကို အသေသတ်ပေးဖို့အတွက် ဒေါ်လာ ၂သန်း နဲ့ Bounty တင်ခဲ့ပါတယ်။

ဇာတ်လမ်းက သာမန် Revenge ဇာတ်ကားဖြစ်ပေမယ့် အက်ရှင် အရမ်းကောင်းသလို ဇာတ်ရှိန်အတက်အကျ မှန်တာကြောင့် ပရိတ်သတ် အနေနဲ့ လုံးဝမပျင်းရပါဘူး။ တစ်ကားလုံး စိတ်ဝင်စားဖို့ ကောင်းသလို၊ ခွေးလေးတစ်ကောင်အတွက် လက်စားချေတယ်ဆိုပေမယ့် ဒီ Idea ကို အဓိပ္ပာယ်ရှိရှိ သရုပ်ဖော်သွားပါတယ်။ Trailer ကြည့်တုန်းက အထင်မကြီးထားပေမယ့် ဇာတ်ကား ကတော့ တော်တော်ကို ကြည့်လို့ကောင်းပါတယ်။ ဇာတ်လမ်းထဲက Fight Scene တွေကလည်း သေသေချာချာ ဇာတ်တိုက်ထားသလို၊ Fight Coordinator တွေကလည်း Bourne Ultimatum တို့ 300 တို့က လူတွေဖြစ်တာကြောင့် ချခန်းတွေကလည်း အသက်ဝင်ပါတယ်။

Keanu Reeves ကလည်း The Matrix ထဲကအတိုင်း ပဲ တကယ့် ဆရာကျကျ သရုပ်ဆောင်သွားသလို သူ့ရဲ့ ဇာတ်ကောင်ကလည်း Matrix ထဲကလိုပဲ သွေးအေးအေးနဲ့ ဆရာကျကျ ဇာတ်ကောင်မျိုးဖြစ်ပါတယ်။ သူက Mafia လောကမှာ လူတိုင်း ကြောက်ရွံ့ လေးစားရသူတစ်ယောက်ဖြစ်သလို၊ John Wick ဆိုတဲ့ နာမည် ကြားတာနဲ့တင် လူတိုင်း တုန်လှုပ်သွားရလောက်အောင် နာမည်ကြီးလူသတ်သမား တစ်ဦးဖြစ်ပါတယ်။

ဒီကားက Equalizer နဲ့ ဇာတ်လမ်းသဘာဝတူပေမယ့် ဒီကားက Fight Scene တွေ Action Scene တွေပိုများပြီး Slow Motion အပေါ် မမှီခိုထားသလို၊ Computer Graphic သိပ်မသုံးထားပါဘူး။ သွေးထွက်တာကအစ Practical Effect တွေဖြစ်ပြီးတော့၊ တကယ့် Stunt သမားတွေသုံးပြီး ရိုက်ထားတာ ဖြစ်ပါတယ်။

အရမ်းကောင်းတဲ့ အက်ရှင်ကားဖြစ်ပြီးတော့ No Nudity, No Sex Scene ပါ။ မိသားစုတူတူကြည့်နိုင်ပါတယ်။ သွေးထွက်သံယိုများလို့ Rated R ပေးထားတဲ့အတွက် အရမ်းငယ်တဲ့ ကလေးတွေမကြည့်သင့်ပါဘူး။ ကြည့်ကိုကြည့်သင့်တဲ့ကားကောင်း တစ်ကားဖြစ်ပြီး ရုံမှာ သွားကြည့်သင့်ပါတယ်။

Unknown (2011)


မင်းသားကြီး  Liam Neeson ရဲ့ Action | Mystery | Thriller အမျိုးအစား ဇာတ်ကားဟောင်းလေးပါ.. သဘောကျလိမ့်မယ်လို့ ထင်ပါတယ် pCloud နေဘဲ 276 MB နဲ့ မဝါးအောင် ဖိုင်ဆိုဒ်ချ တင်ပေးထားပါတယ်ဗျာ အောက်မှာ ဒေါင်းလိုက်ပါဦး 

Broken City (2013)


ဒီကားကတော့ Crime | Drama | Thriller
  အမျိုးအစားဇတ်ကားလေးပါ..
မင်းသား Russell Crowe နဲ့ ထရယ်စမာကားထဲကလူကြိုက်များတဲ့
 မင်းသား Mark Wahlberg တို့ပါဝင်သရုပ်ဆောင်ထားတာပါ 
 မြန်မာစာတန်းထိုးနဲ့မလို့ အညွှန်းမရေးပေးတော့ပါဘူး
 IMDb မှာ Ratings: 6.2 အထိအောင်မြင်ခဲ့တာပါ 
 စာတန်းထိုးလေးနဲ့တင်ပေးလိုက်ပါတယ်
 ကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ် pCloud ကနေဘဲ 252 MB နဲ့ ဖိုင်ဆိုဒ်ချုပ်ပေးထားပါတယ်

The Terminal(2004)


မင်းသားနဲ့ မင်းသမီးကတော့ တကယ့်ဂရိတ်ကြီးတွေပါ။
တွမ်ဟန့်နဲ့ ကက်သရင်းဇီတာဂျုံးတို့ပေါ့။
ဇာတ်လမ်းကျောရိုးကတော့ အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက 
ခရီးသည်တစ်ယောက် အမေရိကားကို ရောက်လာတဲ့အခါ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်၊ သည်လိုနဲ့ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းကို ပျော်ရွှင်ဖွယ်ဖြစ်အောင် ဟာသနှော၊ အသောခပ်များများနဲ့ ၀မ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။
ဒါကတော့ ဇာတ်ကြောင်းပါ...ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ 
ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။
လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်...
တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ...ချောက်တွန်းချင်တဲ့သူတွေ...ကူညီချင်တဲ့လူတွေ...အမုန်းတွေ..
မေတ္တာတွေ...တာဝန်တွေ..ကံကြမ္မာဆိုးတွေ...သူငယ်ချင်းတွေ...ကြည့်မရသူတွေ...
ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ 
ရည်မှန်းချက်ကိုမဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ
ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် 
ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။
အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ
ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။
IMDb Rating (7.3/10) ရရှိထားပြီး မကြည့်ဖူးတွေကြည့်ဖို့တိုက်တွန်းအပ်ပါတယ်။
pCloud ကနေဘဲ 301MB နဲ့ မဝါးအောင် တင်ပေးလိုက်ပါတယ် 

Outcast(2014)


မင်းသားကြီး Nicolas Cage ရယ်..မင်းသား Hayden Christensen  ရယ်
တရုတ်မင်းသမီးလေး  Yifei Liu (ဂူဂူး) တို့ပါဝင်ထားတဲ့ ရာဇဝင်ဇာတ်ကားပါ။
IMDb Rating(4.6/10) ရရှိထားပါတယ်။ pCloud ကနေဘဲ 228MB နဲ့ မဝါးအောင် တင်ပေးလိုက်ပါတယ်ဗျာ 

The Matrix Revolutions (2003)


အရင်နေ့ကတင်ခဲ့တဲ့ ကားတွေရဲ့အဆက် Action | Sci-Fi   အမျိုးအစားဇတ်ကားလေးပါ.. IMDb မှာ Ratings: 7.2 အထိအောင်မြင်ခဲ့တာပါ အားလုံး ၃ ကားထွက်ထားတာ ဒီကားကနောက်ဆုံးပါ ဆက်ပြီးတော့ အားပေးလိုက်ပါဦး pCloud ကနဘဲ 298 MB နဲ့ မဝါးအောင် တင်ပေးလိုက်ပါတယ်ဗျာ


ကျေးဇူးတုန့်ပြန်သော အနေနဲ့ Blog မှာထည့်ထားတဲ့ ကြော်ငြာပုံများအား တစ်ချက်စီ နှိပ်ပေးပြီး ကျေးဇူးတုန့်ပြန်ပါနော်


http://www.channyein.org/2015/01/the-matrix-revolutions-2003.htmlမှကူးယူဖော်ပြပါသည်

The Matrix Reloaded (2003)


မနေ့ကတင်ခဲ့တဲ့ The Matrix (1999) ရဲ့အဆက်ဖြစ်ပါတယ် မနက်ဖြန် ကျန်ရှိနေသေးတဲ့ အဆက်ကို ဆက်တင်ပေးပါ့မယ် ခုလောလောဆယ် ၂ ကို ယူလိုက်ကြပါဦး pCloud ကနဘဲ 320MB နဲ့ မဝါးအောင် တင်ပေးထားပါတယ်


ကျေးဇူးတုန့်ပြန်သော အနေနဲ့ Blog မှာထည့်ထားတဲ့ ကြော်ငြာပုံများအား တစ်ချက်စီ နှိပ်ပေးပြီး ကျေးဇူးတုန့်ပြန်ပါနော်


http://www.channyein.org/2015/01/the-matrix-reloaded-2003.htmlမှကူးယူဖော်ပြပါသည်

The Matrix (1999)


Action | Sci-Fi   အမျိုးအစားဇတ်ကားလေးပါ..
IMDb မှာ Ratings: 8.7 အထိအောင်မြင်ခဲ့ပြီး
The Matrix Revolutions နဲ့ The Matrix Reloaded ဆိုပြီး
၂ ကားဆက်ထွက်ထားပါသေးတယ်..
ကြည့်ချင်တဲ့သူရှိရင်တော့ The Matrix Revolutions နဲ့ The Matrix Reloaded ကိုလည်း
မြန်မာစာတန်းထိုးနဲ့ ဆက်တင်ပေးဦးမယ်..
အညွန်းတော့ မပေးနိုင်တော့ပါဘူး..
Action | Sci-Fi နှစ်သက်သူတွေကတော့ အကြိုက်တွေ့မှာပါ..
pCloud ကနေ 327MB နဲ့ မဝါးအောင် တင်ပေးထားပါတယ် အဆင်ပြေကြပါစေဗျာ


ကျေးဇူးတုန့်ပြန်သော အနေနဲ့ Blog မှာထည့်ထားတဲ့ ကြော်ငြာပုံများအား တစ်ချက်စီ နှိပ်ပေးပြီး ကျေးဇူးတုန့်ပြန်ပါနော်


http://www.channyein.org/2015/01/the-matrix-1999.htmlမှကူးယူဖော်ပြပါသည်

Hours ( 2013 )


ဒီကားကတော့ အများသိကြတဲ့ ကွယ်လွန်သွားတဲ့ မင်းသားချော Paul Walker ရဲ့  Drama | Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ် ဖခင်တစ်ယောက်ရဲ့ မေတ္တာ ကြီးမားပုံကို တွေ့ရမှာ ဖြစ်ပါတယ်


ကျေးဇူးတုန့်ပြန်သော အနေနဲ့ Blog မှာထည့်ထားတဲ့ ကြော်ငြာပုံများအား တစ်ချက်စီ နှိပ်ပေးပြီး ကျေးဇူးတုန့်ပြန်ပါနော်


http://www.channyein.org/2015/01/hours-2013.htmlမှကူးယူဖော်ပြပါသည်

PK (2014)


India နိုင်ငံ Rajasthan သဲကန္တာရတစ်နေရာ....
ရွေ့လျားနေသောတိမ်တိုက်ကြီးတစ်ခုမြေပြင်သို့ တဖြည်းဖြည်းချဉ်းကပ်လာနေပါတယ်...
တိမ်တိုက်အတွင်းမှာတော့ ပန်းကန်ပြားပျံသဏ္ဍာန်ယာဉ်ပျံတစ်စင်း
အဆိုပါယာဉ်ထဲမှ ဝတ်လစ်စလစ်နှင့် လူသားသဏ္ဍာန်တစ်ခုဆင်းလာပါတယ်
ထို့နောက်ယာဉ်ပျံကပြန်လည်ထွက်ခါသွားပါတော့တယ်
သူ့လည်ပင်းမှာတော့ အလင်းရောင်တွေထွက်နေတဲ့အဝိုင်းပြားတစ်ပြားကို ဆွဲကြိုးအဖြစ်ဆွဲထားပါတယ်
အဆိုပါဆွဲကြိုးဟာ သူ့အတွက် သူ့ယာဉ်ပျံနဲ့ပြန်လည်ဆက်သွယ်ရာမှာအသုံးပြုတဲ့ remote control ဆိုလည်းမမှားပါဘူး
ကမ္ဘာကြီးကသူ့အတွက်တော့ မရင်းနှီးသေးတဲ့ပတ်ဝန်းကျင်တစ်ခုပေါ့
India အမျိုးသားကြီးတစ်ယောက်ကို သူတွေ့တဲ့အခါ ထိုအမျိုးသားကြီးဆီသူလျှောက်သွားတယ်
ထိုအမျိုးသားကြီးက သူ့လည်ပင်းကဆွဲကြိုးကို ဖြုတ်လုပြီး ခုတ်မောင်းလာနေတဲ့ ရထားတွဲပေါ်ပြေးတက်လိုက်ပါသွားတယ်
သူလည်းသူ့ဆွဲကြိုးလေးပြန်ရဖို့ကြိုးစားရင် ထိုအမျိုးသားကြီးဆီက ရေဒီယိုလေးတစ်လုံးကို ပြန်ရခဲ့ပါတယ်
သဲကန္တာရအလယ်
အခြားကမ္ဘာက ဝတ်လစ်စလစ်ဂြိုလ်သားတစ်ယောက်
ရေဒီယိုလေးတစ်လုံးပိုက်လို့
သူနေထိုင်ရာဂြိုလ်ဆီပြန်ဖို့ remote control ကလည်းပျောက်ဆုံးသွားခဲ့ပြီ
လူသားတွေရဲ့အလေ့အထ ကမ္ဘာကြီးရဲ့ ယဉ်ကျေးမှုပညတ်တွေ ဘာသာစကားတွေ ဘာမှနားမလည်တဲ့ သူ့အဖို့ ဒီ remote control လေးကို ဘယ်လိုပြန်ရှာဖွေမှာလဲ
လူတွေကတော့ သူ့ကို PK လို့ခေါ်ကြတယ်
သူနေထိုင်ရာ ဂြိုလ်မှာ ဘာသာစကားမရှိဘူး
အဝတ်အစားမဝတ်ဘူး အတွေးနဲ့စကားပြောကြတယ်
သူ့မှာအမည်နာမ မရှိဘူး
လူသားတွေလို စကားတစ်ခွန်းကြောင့် နားလည်မှုလွဲပြီးအမုန်းတွေမပွားကြဘူး
PK အတွက်တော့ လူသားတွေလို ပြုမူနေထိုင်နိုင်ဖို့တော်တော်လေ့လာသင်ယူခဲ့ရတယ်
အဝတ်အစားကိုမှန်ကန်အောင်ဝတ်နိုင်ဖို့ ငွေကြေးတွေသုံးစွဲဝယ်ယူတတ်ဖို့နဲ့ ဘာသာစကားတွေကို ပြောဆိုတတ်ဖို့ သူ့အတွက် ခြောက်ပတ်တိတိလေ့လာခဲ့ရတယ်
PK ရဲ့ ထူးခြားတဲ့အမူအကျင့်တွေကို သတိထားမိခဲ့သူ သတင်းထောက်မလေး Jaggu ဟာ PK အကြောင်းကို သိရဖို့ကြိုးစားပါတော့တယ်
PK အတွက်မ္ဘာပေါ်မှာ ဘယ်လိုအတွေ့အကြုံတွေကိုဆက်လက်တွေ့ရမှာလဲ
သူ့ remote control လေးကို ပြန်ရှာတွေ့နိုင်မှာလား
.......
PK ဇာတ်ကားဟာ 2014 ခုနှစ်ထွက် Bollywood ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး Ghajini (2008), 3 Idiots (2009) နဲ့ Dhoom 3 (2013) စတဲ့ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ မင်းသား Aamir Khan ကခေါင်းဆောင်ပါဝင်ထားပြီး မင်းသမီး Anush Sharma နဲ့အတူ ဒါရိုက်တာ Rajkumar Hirani ကရိုက်ကူးပေးထားတာပါ
Vinod Chopra Films မှထုတ်လုပ်ပြီး UTV Motion Pictures မှ 2014 ခုနှစ် December 19 ရက်တွင် ဖြန့်ချိပေးခဲ့ရာ ဖြန့်ချိပြီး ၂ ပတ်အတွင်းမှာပင် India နိုင်ငံရဲ့ ရုပ်ရှင်သမိုင်းတစ်လျောက် ဝင်ငွေအကောင်းဆုံးဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း 2014 ခုနှစ်ထွက်ရှိသမျှဇာတ်ကားတွေထဲမှာတော့ ဝင်ငွေအကောင်းဆုံး နံပါတ် ၆၅ အဖြစ်ရပ်တည်နေပါတယ်
ရိုက်ကူးထုတ်လုပ်မှုစရိတ် ဒေါ်လာ ၁၃ သန်းကုန်ကျခဲ့တဲ့ PK ရုပ်ရှင်ဇာတ်ကားဟာ အခုချိန်ထိဝင်ငွေ ၉၂ သန်းကျော် ပြန်လည်ရှိထားပါတယ်
ဘာသာရေးနဲ့ ပတ်သက်ပြီး သရော်ထားတဲ့ဇာတ်ဝင်ခန်းတွေကြောင့် ဝေဖန်ခံရမှုတွေရှိခဲ့ပေမယ့် PK ဇာတ်ကားဟာ ကျွန်တော်တို့တွေ နေ့စဉ်ဘဝမှာ အမြဲတမ်းကြုံတွေ့နေရတဲ့ လောဘ ဒေါသ မောဟတွေ နဲ့ ဘာသာရေးကိုခုတုံးလုပ်မှုတွေ လွဲမှားစွာကိုးကွယ်ယုံကြည်မှုနေတဲ့ အစွန်းရောက်လွန်းလှတဲ့ အယူအဆအချို့ကိုပါ လှပစွာမီးမောင်းထိုးပြနိုင်ခဲ့ပါတယ်
ကျွန်တော်တို့တွေရောရိုးသားစွာယုံကြည်သက်ဝင်နေကြတာလား
သေသေချာချာတွေးတောကြည့်ဖြစ်ကြရဲ့လား
လွဲမှားနေတဲ့ အယူအဆအဟောင်းတွေနောက်လိုက်မိနေကြပြီလား
PK နဲ့အတူအတွေးနယ်ချဲ့ကြည့်ရအောင်လားဗျာ....


ကျေးဇူးတုန့်ပြန်သော အနေနဲ့ Blog မှာထည့်ထားတဲ့ ကြော်ငြာပုံများအား တစ်ချက်စီ နှိပ်ပေးပြီး ကျေးဇူးတုန့်ပြန်ပါနော်






http://www.channelmyanmar.com/2015/01/pk-2014.htmlမှကူးယူဖော်ပြပါသည်

Mama (2013)


Director: Andres Muschietti ရိုက်ကူးတင်ဆက်ထားပြီး

January 18, 2013 (USA) တွင် ရုံတင်ပြသခဲ့သော ထိတ်လန့်ချောက်ခြားဖွယ်ရာ

ရုပ်ရှင်ဇတ်ကား တစ်ခုဖြစ်ပါတယ်...


ဇတ်လမ်း ပုံစံကတော့...

စိတ်ကျရောဂါ စွဲကပ်နေတဲ့ ရုံးဝန်ထမ်း အမျိုးသားဟာ သူ့ရုံးက ၀န်ထမ်း အားလုံး ကို

သတ်ဖြတ်ပစ်ခဲ့ပြီး အိမ်သို့ပြန်လာက ကလေးတွေကို တံခါးပိတ်ထားပြီး မိန်းမကို

ထပ်ပြီး သတ်ပစ်လိုက်ပါတယ်...

ထို့နောက်တွင်သော ငယ်ရွယ်သေးသော သမီးငယ် နှစ်ဦးကို ကားပေါ်တင်ပြီး

ထွက်ပြေးရာတွင် ချောက်ကမ်းပါး တစ်ခုအရောက် ကားဘရိတ်ချော်ပြီး ချောက်တွင်းသို့

ပြုတ်ကျသွားပါတော့တယ် သူကိုယ်တိုင် ဒဏ်ရာအနည်းငယ်သာ ရပြီး

သမီး နှစ်ဦးကို လက်ဆွဲခေါ်ကာ တောတွင်းသို့ ၀င်ရောက်လာရင်း

ထူးဆန်းသော အိမ်တစ်အိမ်ကို တွေ့ရှိရာ ၀င်ရောက်နားခိုခဲ့ပါတယ်..

ထို့နောက် ကလေးငယ် နှစ်ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ရန်

ပြုလုပ်တဲ့ အချိန်မှာပဲ မမြင်နိုင်သော အရာတစ်ခုက ကလေးငယ် နှစ်ဦးရဲ့

ဖခင်ကို သတ်ဖြတ်ပြီးနောက် ထိုကလေးငယ် နှစ်ဦးကို စောင့်ရှောက်ကျွေးမွေးနေပါတော့တယ်...

နှစ် အနည်းငယ် ကြာပြီးနောက် ဖခင် ဖြစ်သူ ရဲ့ ညီ ကလေးတွေ ရဲ့ ဦးလေးဟာ

ကလေးတွေကို အမြဲတမ်း ရှာဖွေစုံစမ်းနေရင်းနဲ့မှ ပြန်လာရှာဖွေတွေ့ရှိလို့

အိမ်သို့ ခေါ်ဆောင်လာတဲ့ အခါမှာ မကျွတ်မလွတ်သော ကလေးတွေကို စောင့်ရှောက်နေသော

အင်မတန် ကြောက်မက်ဖွယ် ကောင်းသော အရာပါ အိမ်သို့ လိုက်ပါလာခဲ့သော အခါ...

===========================================

နှလုံးရောဂါအခံရှိသူ နှင့် ကြောက်တက်သော ငယ်ရွယ်သော ကလေးများအား

မပြသ သင့်ပါ...


ကျေးဇူးတုန့်ပြန်သော အနေနဲ့ Blog မှာထည့်ထားတဲ့ ကြော်ငြာပုံများအား တစ်ချက်စီ နှိပ်ပေးပြီး ကျေးဇူးတုန့်ပြန်ပါနော်





http://www.channelmyanmar.com/2015/01/mama-2013.htmlမှကူးယူဖော်ပြပါသည်

Step Up All In(2014)


Steup Up လို့ဆိုလိုက်တာနဲ့ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ ဘာဇာတ်ကားလည်းဆိုတာ သိကြမှာပါ။ ဇတ်လမ်းအနေနဲ့ကတော့ အကမှာအောင်မြင်ပြီး ဆုတံဆိပ်ရရှိချင်နေတဲ့ Sean ဟာ သူ့နဂိုအဖွဲ့ကလူတွေနဲ့ကွဲသွားပြီးတော့ သူ့သူငယ်ချင်း Moose ဆီကို ရောက်ရှိနေပါတယ်။ ထိုအတော်အတွင်း Last VEGAS မှာ The Vortex ကပြုလုပ်တဲ့ အကပြိုင်ပွဲတစ်ခုရှိပြီး အနိုင်ရရှိတဲ့အဖွဲ့ဟာ ၃ နှစ်စာချုပ်နဲ့ MTV စသည့်တွေမှာ ပါဝင်ဖော်ျဖြေရမှာဖြစ်ပါတယ်။

Moose ရဲ့အဖိုးအဖွားတွေဟာ အကသင်တန်းတစ်ခုဖွင့်ထားပြီး Moose ကတော့ နဂိုတုန်းက ကခဲ့ပေမယ့်အခုတော့ တခြားအလုပ်လုပ်ကိုင်နေကာ မကဖြစ်တာလည်း ကြာသွားပါပြီ။ Sean ဟာ Moose ကို ပြန်ကဖို့တိုက်တွန်းပြီး အဖွဲ့တစ်ခုဖွဲ့ပြီး သွားရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ပထမဆုံးအနေနဲ့ အကအဖွဲ့ထဲကို ၀င်ရောက်လာသူကတော့ ANDIE ဖြစ်ပြီး Moose ရဲ့ သူငယ်ချင်းပါ။ ထို့အတူ Moose ရဲ့အဆက်အသွယ်တွေနဲ့အတူ တခြားတခြားသော သူတွေပါ သူတို့အကအဖွဲ့ထဲကို ပါဝငင်လာပါတော့တယ်။

ပထမအဆင့်အနေနဲ့ အက ဗီဒီယိုဖိုင်တစ်ခုကို ပေးပို့ယှဉ်ပြိုင်ရပြီး ထိုအဆင့်ကို Sean တို့အဖွဲ့ LMNTRIX အောင်မြင်သွားပြီး Last Vegas သို့သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Last Vegas ယှဉ်ပြိုင်ရမယ့်နေရာကိုရောက်တော့ Sean ရဲ့ ပြိုင်ဘက်ဟောင်းအဖွဲ့ဖြစ်တဲ့ Grim KNIGHTSလည်း ပါဝင်ယှဉ်ပြိုင်တာကို တွေ့ရပြီး Sean ကို အံအားသင့်သွားစေတာကတော့ သူရဲ့ အဖွဲ့ဟောင်းဖြစ်တဲ့ The Mob ကလည်း ပါဝင်ယှဉ်ပြိုင်တာကို တွေ့ရှိလိုက်ရလို့ဖြစ်ပါတယ်။

အရှေ့ပိုင်းတွေမှာ STEP(2006), Step Up 2: The Streets(2008), Step Up 3D(2010), Step Up Revolution(2012) တို့ထွက်ရှိထားပြီး Step Up All In ကတော့ ၅ ကားမြောက်ဖြစ်ပါတယ်။ မင်းသမီးဖြစ်တဲ့ Briana Evigan ကတော့ Step Up 2: The Streets(2008) မှာပါဝင်သရုပ်ထားတဲ့သူဖြစ်ပြီး မင်းသားဖြစ်တဲ့ Ryan Anthony Guzman ကတော့ Step Up Revolution(2012) မှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူဖြစ်ပါတယ်။


ကျေးဇူးတုန့်ပြန်သော အနေနဲ့ Blog မှာထည့်ထားတဲ့ ကြော်ငြာပုံများအား တစ်ချက်စီ နှိပ်ပေးပြီး ကျေးဇူးတုန့်ပြန်ပါနော်






http://www.channelmyanmar.com/2014/12/step-up-all-in2014.htmlမှကူးယူဖော်ပြပါသည်

The Interview(2014)


James Franco က Talk Show Host တစ်ယောက်ဖြစ်ပြီး Seth Rogen က Producer ဖြစ်ပါတယ်။ သူတို့ရဲ့ Show က အတည်ပေါက် Interview မဟုတ်ပဲနဲ့ ဟာသဆန်ဆန်ဖြစ်နေတာကြောင့် လူတွေလေးစားလောက်မယ့် Interview မျိုးလုပ်ချင်နေပါတယ်။ တစ်နေ့မှာ စာစောင်တစ်ခုက ဆောင်းပါးမှာ Kim Jong-un က သူတို့ Show ရဲ့ ပရိတ်သတ်ဖြစ်တယ်လို့ သိသွားရာကနေ Interview လုပ်ဖို့ဖြစ်လာပါတယ်။ ဒီကနေ အားလုံးသိတဲ့အတိုင်း CIA က Kim Jong-un ကို သတ်ပေးဖို့ တာဝန်ပေးလာပါတယ်။ တကယ်တမ်းမြောက်ကိုရီးယားကို ရောက်သွားတော့ James Franco ရဲ့ Character ဖြစ်တဲ့ Dave Skylark က Kim Jong-un ရဲ့ ညာတာခံရပြီး အစီအစဉ်တွေပြောင်းသွား ပုံကို ဟာသဆန်ဆန်တင်ဆက်ထားပါတယ်။

သုံးသပ်ချက်အနေနဲ့..... ရုပ်ရှင်ထဲမှာ မနှစ်သက်စရာတွေအနည်းငယ်ပါပေမယ့် လူသားအငွေ့အသက်တွေများစွာတွေ့ရပြန်တယ်။ စကားဆို စိတ်ထဲပါပါ မပါပါ လျှာပေါ်လေဝဲပြောတဲ့ အမေရိကန်စကားပြောပေါက်ကို ဘယ်သူမှမမီပါဘူး။ တစ်ဦးတစ်ယောက်က ဘယ်လိုတွေမမှန်တာတွေလုပ်ခဲ့ လုပ်ခဲ့ လူချင်းကိုယ်တိုင်တွေ့တဲ့အခါ “ မင်းလုပ်သလား ? ဟုတ်ရဲ့လား ? ” လို့ မေးပြီးမှ ယုံချင်တယ်။ ဒီလူက အခုကောင်းတာလုပ်ပြီဆိုရင် ဒုတိယအခွင့်အရေးပေးချင်တယ်။ အဲ .. သူတို့လက်တွေ့မှာ ယုံပြီဆိုတဲ့လူ လိမ်သွားပြီ ဆိုရင်တော့ မခံမရပ်နိုင်အောင် ဆန့်ကျင်ကြတယ်။ တရားမျှတမှုကို မြတ်နိုးတယ်။ အမှန်ကို အမှန်အတိုင်းရင်ဆိုင်တာကို လိုချင်တယ်။ ပြီးတော့ သိတဲ့အတိုင်း ဟောလီဝုဒ်ကားဆိုတော့ မိသားစုအတူထိုင်ကြည့်ဖို့ခက်တဲ့ လူကြီးကြိုက်အခန်းအနည်းငယ်တော့ မပါရင် မဖြစ်ပေဘူး။

ဇာတ်ဝင်ခန်းထဲမှာ နာမည်ကျော်အဆိုတော် Eminem နဲ့အင်တာဗျူးမှာ “ ခင်များ ဘယ်လိုမျိုးတွေကို Rap စာသားလုပ်ဆိုလဲ? မုန်းတဲ့သူတွေကိုလား? ” ဆိုတဲ့ ဒေ့ဗ် ရဲ့ အမေးကို “ ကျွန်တော်မုန်းတဲ့သူတွေကို Rap လုပ်မဆိုပါဘူး။ ကျွန်တော်ကြောက်တဲ့အရာတွေကိုသာ Rap စာသားလုပ်ပြီး သီချင်းထဲထည့်ဆိုတာပါ ” ဆိုပြီး “ Hate ” နဲ့ “ Fear ” ကို ခွဲခြားပြသွားတဲ့အဖြေကို နှစ်သက်မိတယ်။ ထို့အတူပဲ .. သမ္မတကင်ရဲ့ အထူးအားကိုးရတဲ့ ဘယ် နဲ့ ညာ လက်ရုံး ( ၂ ) ယောက်သေဆုံးသွားတဲ့အခါ Kim ရဲ့ ဆောက်တည်ရာမရတဲ့ “ Fear ” ကို ပုံဖော်ထားတာ ပီပြင်လှပါတယ်။

ဒီအင်တာဗျူးကိုလက်ခံ မခံစဉ်းစားဖို့ အက်ရွန်တို့ ( ၂ ) ယောက်ကို အချိန် ( ၂၄ ) နာရီပဲ ပေးထားတယ်။ မြောက်ကိုးရီးယားဖက်က ကြိုတင်ချပေးတဲ့မေးခွန်းကိုပဲမေးရမယ်ဆိုတော့ ထုတ်လုပ်သူက လက်မခံချင်ဘူး။ ဒီိအချိန်မှာ ဒေ့ဗ် က “ လက်ခံရမယ်။ ငါတို့ ဒီအင်တာဗျူးကိုလက်ခံရမယ်။ ဒါဟာ ငါတို့သမိုင်းမှာ အကြီးအမားဆုံးမှတ်တိုင်ဖြစ်ရမယ်။ ဂျာနယ်လစ်တွေရဲ့ ပထမဆုံးလုပ်ရမယ့်အလုပ်က အင်တာဗျူးဖြေချင်အောင် ဖြေချင်တာ ဖြေခွင့်ပေးတာပဲ ” ဆိုတဲ့စကားဟာ လက်ရှိအမေရိကန်နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီနေပြန်တယ်။ ဟုတ်ပါတယ် .. အစပိုင်းမှာ အမေရိကန်တွေ ဘယ်ကိစ္စကိုမှ သဘောမတူဘူးပြောလေ့မရှိပါဘူး။ နောက်ပိုင်းကျမှသာ သူတို့လိုရာကို ဆွဲဆောင်စည်းရုံးပြီး စီးပွားရေး၊ နိုင်ငံရေးအမြတ်ထုတ်တာ မြင်ကြ သိလာကြရစမြဲပါ။

ဒီရုပ်ရှင်ကနေ ကြည့်ရှုသူတွေ ဘာရလိုက်သလဲ? ရှင်းပါတယ်။ Facebook ဘာသာစကားနဲ့ပြောရရင် ခံယူချက်အရ စည်းရုံလို့မရတဲ့ အာဏာရှင်ကို “ Poke ” လုပ်လိုက်ခြင်းလို့ပဲ ရိုးသားစွာမြင်မိတယ်။ အခုချိန်ဆို ဒီရုပ်ရှင်ကိုကြည့်ပြီးလောက်တဲ့ သမ္မတကင်လည်း ခုန်ဆွဆွ ဖြစ်နေလောက်ပါပြီ။ သူ့လိုအာဏာရှင် - Dictator တစ်ယောက်ဟာလည်း လူသားပါလားဆိုတာ ပါဝါစားလက်တစ်ဆုပ်ရော၊ ( ၉၉% ) သော ဆင်းရဲသားများကိုပါ သိစေချင်တာ ပေါ်လွင်နေပါတယ်။ 



ကျေးဇူးတုန့်ပြန်သော အနေနဲ့ Blog မှာထည့်ထားတဲ့ ကြော်ငြာပုံများအား တစ်ချက်စီ နှိပ်ပေးပြီး ကျေးဇူးတုန့်ပြန်ပါနော်






http://www.channelmyanmar.com/2015/01/the-interview2014.htmlမှကူးယူဖော်ပြပါသည်

White House Down (2013)


သမ္မတအိမ်ဖြူ တော်ကို အကြမ်းဖက်သမားတွေ ၀င်စီးချိန်မှာ မင်းသား Channing Tatum က (သမ္မတရဲ့ လုံခြုံရေး) အလုပ်အတွက် အင်တာဗျူးလာရင်း သမ္မတကို ကယ်တင်ဖို့ တစ်ကိုယ်တော် စွန့်စားရတဲ့ ဇာတ်လမ်းပါ။ အရင်က တင်ဖူးပါတယ် လင့်ပျက်ကုန်လို့ ပြန်ကြည့်ချင်တယ် ဆိုသူများအတွက်ပါ 

Kung Fu Jungle (2014)


Hahou Mo အဖြစ်သရုပ်ဆောင်တဲ့ Donnie Yen ဟာ
သိုင်းပြိုင်ရင်းကနေ လူသတ်မိပြီး ကိုယ်တိုင်အဖမ်းခံထောင်ကျသွားပါတယ်။
သူထောင်ကျပြီး ၃ နှစ်လောက်ကြာတဲ့အခါမှာ
လူသတ်မှုတခုကို သတင်းတခုမှာ တွေ့ရာကနေ..
ထောက်လှမ်းရေးအရာရှိ Luk Yuen-Sum အဖြစ်သရုပ်ဆောင်တဲ့
မင်းသမီး Charlie Yeung ကိုဆက်သွယ်ဖို့ ကြိုးစားပါတယ်..။
အဆင်မပြေတဲ့ အတွက်ထောင်ထဲမှာတိုက်ခိုက်မှုလုပ်ပြီး ကြိုးစားမှ
ထောက်လှမ်းရေးအရာရှိ Luk Yuen-Sum နဲ့ တွေ့ရပါတယ်..
အဲဒီမှာ လူသတ်သမားကို သူဖော်ထုတ်နိုင်ကြောင်းနဲ့
အဲဒီအတွက် သူ့ကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်..။
လူ ၇ ယောက်ရဲ့ နာမည်တွေ ရွတ်ပြပြီး..
အဲဒီလူတွေ အသတ်ခံရလိမ့်မယ်လို့ သူပြောခဲ့ပါတယ်...။
 ထောက်လှမ်းရေးအရာရှိ Luk Yuen-Sum က လက်ခံခဲ့ပါဘူး..။
မကြာခင်မှာပဲ သူပြောတဲ့ လူ ၇ ယောက်ထဲက တယောက်အသတ်ခံရပြန်ပါတယ်..။
အဲဒီနောက်....
ဘာတွေဆက်ဖြစ်တယ်ဆိုတာကိုတော့ မြန်မာစာတန်းထိုးနဲ့
ကိုယ်တိုင်သာကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ..

Die Hard 4 (2007)


Die Hard ရဲ့အဓိကဇာတ်ဆောင် ဂျွန်မက္ကလိန်းအဖြစ် မင်းသားကြီး ဘရုစ်ဝီလီကို
ကြမ်းကြမ်းရမ်းရမ်းတွေ့ရဦးမှာပါ..
Hacker တွေရဲ့စွမ်းဆောင်နိုင်မှုကို ရိုက်ပြထားပြီး ဇာတ်ကားထဲက တချို့အသုံအနှုန်းတွေကတော့
IT နဲ့နီးစပ်တဲ့လူတွေအတွက် ပိုအဆင်ပြေမှာပါ..
ဒီဇာတ်ကားကို မြန်မာဘာသာပြန်ထားတဲ့ Lotus Black ကတော့ IT သမားပီပီ
အသုံးအနှုန်းတွေကို ဆီလျော်အောင်ဘာသာပြန်ထားပါတယ်။
IT သမားတွေနဲ့ အငြိမ်းစားရဲတို့ရဲ့ တိုက်ပွဲကိုခပ်သွက်သွက်ရိုက်ပြထားပြီး
IMDb Rating (7.3/10)ရရှိထားပါတယ်..။

The Amazing Spider-Man 2


ပြန်တင်ပေးပါဆိုတာ ခဏခဏ လာလာတောင်းဆိုနေကြတယ်ဗျာ ကဲ တင်ပးလိုက်ပါပြီဗျာ အားလုံးဘဲ အဆင်ပြေအောင် 333 MB နဲ့ မဝါးအောင် ဖိုင်ဆိုဒ်ချုပ်ပေးထားပါတယ် ဒီကားအကြောင်းတော့ မိတ်ဆက်စရာ မလိုတော့ဘူး ထင်ပါတယ် :D အောက်မှာ ဒေါင်းလိုက်ကြပါဦး

Death Race 3


ဟိုတစ်နေ့က  Death Race 2 ကို တင်ပေးလိုက်ပါတယ် ကားပြိုင်ကားပစ်ပေါ့ ဘယ်လာက်ကြမ်းတယ်ဆိုတာ တွေ့ရပါတယ် ခု Death Race 3 အဆက်လာပြီဗျာ အောက်မှာ ဒေါင်းလိုက်ပါဦးဗျာ အားလုံးဘဲ အဆင်ပြေအောင် 250MB နဲ့ လုပ်ပေးထားပါတယ်

Apocalypto


ဒီ လူရိုင်းကားလေးကိုတော့ အထွအထူး မိတ်ဆက်စရာ မလိုတော့ဘူးလို့ ထင်ပါတယ် သိပြီးသား ဖြစ်မှာပါ ဆုတွေ တသီတတန်းကြီး ရသွားတဲ့ ရုပ်ရှင်ဇာတ်ကားပါ ဘယ်အချိန် ကြည့်ကြည့် မရိုးသွားတဲ့ ဇာတ်လမ်းလေးပေါ့ အားလုံးဘဲ အဆင်ပြရအောင် 323 MB နဲ့ မဝါးအောင် တင်ပေးထားပါတယ် အောက်မှာ ဒေါင်းလိုက်ပါဦး

Fast & Furious 6


အရှေ့မှာ 1'2'3'4'5 တင်ပြီးသွားပါပြီ ကဲ နံပါတ် ၆ လာပါပြီဗျာ အထွေအထူး ညွှန်းစရာ မလိုတော့ဘူး ထင်ပါတယ် 329MB နဲ့ မဝါးအာင် လုပ်ပြီး တင်ပေးထားပါတယ် အောက်မှာ ဒေါင်းလိုက်ပါဦး 

Fast & Furious 5


Fast & Furious 4 က ဇာတ်သိမ်းပိုင်းလေး ကျန်နေတယ် နောက်ပြီးမှ ပြန်တင်ပေးပါ့မယ် ခုနောက်ထပ် အပိုင်းတွေကို ဆက်တင်ပေးပါ့မယ် ဒီနေ့ နံပါတ်၅ပေါ့ အစအဆုံးပါပါတယ် :D အောက်မှာ ဒေါင်းလိုက်ပါဦး

Death Race 2


ကြမ်းကြမ်းရမ်းရမ်းကားလေးတွေကြည့်ချင်သူများအတွက်ပါ အညွှန်းတော့ မရေးတော့ဘူး ဒီနေ့အလုပ်ကိစ္စလေးရှိလို့ အပြင်ထွက်စရာရှိလို့ မထွက်ခင် တင်ပေးလိုက်တာပါ အားလုံးဘဲ အဆင်ပြေအောင် 240MB နဲ့ တင်ပေးလိုက်ပါတယ် အောက်မှာ ဒေါင်းလိုက်ပါဦး