Latest Movie :

မန်ဘာဝင်ထားခြင်းဖြစ် အသစ်တင်တိုင်း ကြည့်ရပါမည်

ကြော်ငြာပုံလေးတွေ နှိပ်ပြီးကျေးဇူးတုန့်ပြန်ပါ

The Theory of Everything(2014)


ဇာတ်လမ်းကတော့ ကမ္ဘာကျော် အာကာသသိပ္ပံပညာရှင်ကြီး စတီဗင်ဟော့ကင်း ရဲ့ အတ္ထုပ္ပတ္တိလေးပါ...
သိပ္ပံပညာရှင်လို့ပြောရင်တောင် လုံလောက်မယ်မထင်ပါဘူး.....
စာရေးဆရာလည်း ဖြစ်နေပြန်တယ်လေ....
အခုဖက်ခေတ်မှာ ဒုတိယအိုင်းစတိုင်းလို့တောင် တင်စားထားပြီး Black Holes ကနေ
ထုတ်လွှတ်နေတဲ့ Radiation တွေကိုလည်း Hawking Radiation လို့နာမည်ပေးထားပါသေးတယ်...
သူရခဲ့တဲ့ ဆုတွေက ၂၁ ဆုတောင်ရှိပါတယ်...
ဒီလိုဖြစ်ဖို့ သူဟာသာမန်လူကောင်း တစ်ယောက်အနေနဲ့ ကြိုးစားခဲ့ရတာမဟုတ်ပါဘူး...
Amyotrophic Lateral Sclerosis (ALS) ဆိုတဲ့ ရောဂါဆိုးကြီး နဲ့ယှဉ်တွဲပြီးတော့ကိုရင်ဆိုင်ခဲ့ရတာပါ
ရောင်းအားအကောင်းဆုံး စံချိန်ချိုးခဲ့တဲ့ A Brief History Of Time ဆိုတဲ့ စာအုပ်ကို သူဘယ်လိုရေးခဲ့ရလဲ ?
သူ့ရဲ့ခန္ဓာကိုယ်ကြီးက ဝှီးလ်ချဲ ပေါ်မှာပဲ အမြဲတမ်း ကန့်သတ်ခံခဲ့ရပေမယ့် သူ့ရဲ့စိတ်ကူးတွေ
အတွေးတွေကတော့ ဟိုးကမ္ဘာ့အပြင်ဘက် စင်္ကြဝဠာ ပေါင်းများစွာထိအောင် ရောက်နေပါတယ်..
ဆရာဝန်တွေက ၂ နှစ်ပဲနေရမယ်လို့ထင်ခဲ့တဲ့ သူဟာ အခုဆို ၇၃ နှစ်တောင်ရှိနေပါပြီ ...
ဒါပေမယ့် သူ့ရဲ့အပြုံးတွေ ကြိုးစားမှုတွေကတော့ မှေးမှိန်မသွားသေးပါဘူး...
လေ့လာမှုတွေကိုရပ်ဖို့ အစီအစဉ်တောင်မရှိဘူးဆိုပဲ...
အရမ်းကို အတုယူဖို့ကောင်းပါတယ်....လေးစားဖို့လည်းကောင်းပါတယ်...။
ကျွန်တော်ဇာတ်လမ်းကို ပိုပြီးသဘောကျတာက မင်းသား Eddie Redmayne သရုပ်ဆောင်ချက်တွေဖြစ်ပြီး...
ရုပ်ရည် ကလည်းတူတဲ့အပြင်သရုပ်ဆောင်တာတွေပါ ပီပြင်လွန်းတာကြောင့်
တကယ့်ရောဂါသည်ကြီးလားလို့တောင် ထင်ရမိပါတယ်။

၂၀၁၅ ခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့တာ တကယ့်ကိုထိုက်တန်ပါတယ်။
အော်စကာဆုပေးပွဲအပြီးမှာ Stephen Hawking က သူ၏ Facebook စာမျက်နှာတွင် Eddie Redmayne ကိုဂုဏ်ပြုကြောင်းဖော်ပြခဲ့ပါတယ်....
“The Theory of Everything” ဇာတ်ကားမှာ ကျနော့်အနေနဲ့ သရုပ်ဆောင်ပြီး အော်စကာဆုရသွားတဲ့ Eddie Redmayne ကို ဂုဏ်ပြုပါတယ်။ မင်းအကောင်းဆုံးလုပ်ခဲ့ပါတယ် Eddie, ငါမင်းအတွက်ဂုဏ်ယူပါတယ်” ဟု Stephen Hawking ကရေးသားခဲ့ပါတယ်။

*** ဗဟုသုတ အနေနဲ့.... သူ့ရဲ့ ဝှီးချဲမှာ တပ်ထားတဲ့ကွန်ပျူတာအကြောင်းလေးပါဖေါ်ပြပေးလိုက်ပါတယ်။
Tablet ==>> Lenovo ThinkPad X220 Tablet (2 copies)
Processor ==>> Intel® Core™ i7-2620M CPU @ 2.7GHz
SSD ==>> Intel® 150Gb Solid-State Drive 520 Series
Operation System ==>> Windows 7
Speech ==>> Speech Synthesizers (3 copies):
Manufacturer ==>> Speech Plus (Incorporated 1988, Mountain View, CA)
Model ==>> CallText 5010


IMDb Rating (7.8/10) Rotten Tomatoes (79%) ရရှိထားသလို အိုင်းစတိုင်းပြီးရင် ၂၀ ရာစုရဲ့
အထင်ရှားဆုံး သိပ္ပံပညာရှင်အကြောင်းကို ကြည့်ဖို့ တိုက်တွန်းပါရစေ... ။
(ဒီဇာတ်ကားကို Mĝ Ñŷêiň  မှကိုယ်တိုင်ဘာသာပြန်တင်ဆက်လိုက်တာဖြစ်ပါတယ်။)
pCloud ကနေ ဖိုင်ဆိုဒ် 312MB နဲ့ တင်ပေးလိုက်ပါတယ် အောက်မှာဒေါင်းလိုက်ပါဦး 


ကျေးဇူးတုန့်ပြန်သော အနေနဲ့ Blog မှာထည့်ထားတဲ့ ကြော်ငြာပုံများအား တစ်ချက်စီ နှိပ်ပေးပြီး ကျေးဇူးတုန့်ပြန်ပါနော်



http://www.channelmyanmar.com/2015/03/the-theory-of-everything2014.htmlမှကူးယူဖော်ပြပါသည်
Share this article :

Post a Comment